ႏုိင္ငံေရး လႈပ္ရွားမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူနဲ႔ ေထာင္ျပင္ပက တရားရင္ဆုိင္သူ ၆၀၀ ေက်ာ္ရွိ

0
36

ႏိုင္ငံေရး လႈပ္ရွားမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူနဲ႔ ေထာင္ျပင္ပက တရားရင္ဆုိင္ရသူ အခုႏွစ္ ၾသဂုတ္ လကုန္ အထိ ၆၃၀ ရွိေနၿပီ ျဖစ္ေၾကာင္း ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း (AAPP) က စက္တင္ဘာလ ၁၃ ရက္ေန႔မွာ  သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ ႏုိင္ငံအက်ဥ္းသား ၅၀ ခန္႔ရွိၿပီး တက္ႀကြလႈပ္ရွားသူ ၁၇၉ ဦးေထာင္တြင္းကေန တရားရင္ဆုိင္ေနရၿပီး ၄၀၁ ဦးကေတာ့ ေထာင္ျပင္ပမွာ တရားရင္ဆုိင္ေနရတယ္လုိ႔ AAPP ရဲ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း တရားစြဲဆုိခံရသူ ၁၁၉ ဦးရွိၿပီး ရာဇသတ္ႀကီး ဥပေဒ ၊ အၾကမ္းဖက္တုိက္ဖ်က္ေရး ဥပေဒ ၊ၿငိမ္းစုစီဥပေဒ ၊ ဆက္သြယ္ေရးဥပေဒ ၊ျပည္သူပုိင္ဖ်က္ဆီးမႈ ဥပေဒစတဲ့ ဥပေဒေတြပါ ပုဒ္မေတြနဲ႔ စြဲဆုိခံထားရတာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

အသြင္ကူးေျပာင္းေရးကုိ ေဖာ္ေဆာင္ေနတဲ့ လက္ရွိအခ်ိန္ကာလမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ကုိ ကန္႔သတ္ဖိႏွိပ္ထားျခင္းဟာ ေနာက္ေၾကာင္းျပန္ဆုတ္ေစတဲ့ အျခင္းအရာ တစ္ရပ္ျဖစ္တယ္လုိ႔ အစီရင္ခံစာမွာ မွတ္ခ်က္ျပဳထားတာ ျဖစ္ပါတယ္။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူနဲ့ ထောင်ပြင်ပက တရားရင်ဆိုင်သူ ၆၀ဝ ကျော်ရှိ


နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူနဲ့ ထောင်ပြင်ပက တရားရင်ဆိုင်ရသူ အခုနှစ် သြဂုတ် လကုန် အထိ ၆၃၀ ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


လက်ရှိမှာ နိုင်ငံအကျဉ်းသား ၅၀ ခန့်ရှိပြီး တက်ကြွလှုပ်ရှားသူ ၁၇၉ ဦးထောင်တွင်းကနေ တရားရင်ဆိုင်နေရပြီး ၄၀၁ ဦးကတော့ ထောင်ပြင်ပမှာ တရားရင်ဆိုင်နေရတယ်လို့ AAPP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရားစွဲဆိုခံရသူ ၁၁၉ ဦးရှိပြီး ရာဇသတ်ကြီး ဥပဒေ ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၊ငြိမ်းစုစီဥပဒေ ၊ ဆက်သွယ်ရေးဥပဒေ ၊ပြည်သူပိုင်ဖျက်ဆီးမှု ဥပဒေစတဲ့ ဥပဒေတွေပါ ပုဒ်မတွေနဲ့ စွဲဆိုခံထားရတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နေတဲ့ လက်ရှိအချိန်ကာလမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်ထားခြင်းဟာ နောက်ကြောင်းပြန်ဆုတ်စေတဲ့ အခြင်းအရာ တစ်ရပ်ဖြစ်တယ်လို့ အစီရင်ခံစာမှာ မှတ်ချက်ပြုထားတာ ဖြစ်ပါတယ်။