ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ကာကြယ္ေရးမူ၀ါဒအရ ျပည္သူ႔စစ္အဖြဲ႕ေတြကုိ ဆက္လက္ဖြဲ႕စည္းထားဟုဆုိ

0
54

ျပည္သူ႔စစ္အဖြဲ႕ေတြကုိ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ကာကြယ္ေရးမူ၀ါဒ အရ ဆက္လက္ဖြဲ႕စည္းထားရွိျခင္းျဖစ္ေၾကာင္း ကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ျမင့္ႏြယ္ ကေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၁၁ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္ပုံမွန္အစည္းအေ၀းမွာ ေပါင္မဲဆႏၵနယ္ က ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚမိကြန္ခ်မ္းေမးျမန္းတဲ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အတြင္းရွိ ေက်းရြာေတြမွာ ျပည္သူ႔စစ္ေတြကုိ မည့္သည့္အတြက္ ထားရွိၿပီး ျပည္သူ႔စစ္အဖြဲ႕ေတြကုိ မည္သည့္ဌာန အဖြဲ႕အစည္းက တာ၀န္ခံမည္ ကုိသိလုိျခင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့အေပၚကာကြယ္ေရး ၀န္ႀကီးဌာန ဒု၀န္ႀကီးက အခုလုိျပန္လည္ေျဖၾကားခဲ့တာပါ။

ျပည္သူ႔စစ္အဖြဲ႕၀င္ေတြဟာ ေအးခ်မ္းတဲ့အခ်ိန္မွာ ႏုိင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းစဥ္ ေတြမွာ ကုန္ထုတ္လုပ္ေရးအင္အား ၊လူမႈေရးအင္အား ေတြျဖစ္ၿပီး ၿမိဳ႕နယ္ေက်းရြာေတြမွာ လုံၿခံဳေရးအတြက္ ကာကြယ္ ေစာင့္ေရွာက္ ေနၾကသူေတြ ျဖစ္ေၾကာင္း နဲ႔  ျပည္တြင္းျပည္ပ စစ္မက္အေရးအခင္းေတြနဲ႔ ရင္ဆုိင္ ေနရခိ်န္မွာ တပ္မေတာ္နဲ႔လက္တြဲၿပီး စစ္ေရးအင္အားအျဖစ္ရပ္တည္သြားရမယ့္ တုိက္ခုိက္ေရး ၊ကာကြယ္ေရးနဲ႔ လုံၿခံဳေရးအင္အား ေတြလည္း ျဖစ္ေၾကာင္း းဒု၀န္ႀကီး ဗုိလ္ခ်ဳပ္ျမင့္ႏြယ္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒအရ ပြည်သူ့စစ်အဖွဲ့တွေကို ဆက်လက်ဖွဲ့စည်းထားဟုဆို

ပြည်သူ့စစ်အဖွဲ့တွေကို နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒ အရ ဆက်လက်ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် ကပြောကြားခဲ့ပါတယ် ။

စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ပေါင်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းမေးမြန်းတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေကို မည့်သည့်အတွက် ထားရှိပြီး ပြည်သူ့စစ်အဖွဲ့တွေကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည် ကိုသိလိုခြင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အပေါ်ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ အေးချမ်းတဲ့အချိန်မှာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ် တွေမှာ ကုန်ထုတ်လုပ်ရေးအင်အား ၊လူမှုရေးအင်အား တွေဖြစ်ပြီး မြို့နယ်ကျေးရွာတွေမှာ လုံခြုံရေးအတွက် ကာကွယ် စောင့်ရှောက် နေကြသူတွေ ဖြစ်ကြောင်း နဲ့ ပြည်တွင်းပြည်ပ စစ်မက်အရေးအခင်းတွေနဲ့ ရင်ဆိုင် နေရချိန်မှာ တပ်မတော်နဲ့လက်တွဲပြီး စစ်ရေးအင်အားအဖြစ်ရပ်တည်သွားရမယ့် တိုက်ခိုက်ရေး ၊ကာကွယ်ရေးနဲ့ လုံခြုံရေးအင်အား တွေလည်း ဖြစ်ကြောင်း းဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။