နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်လအန်ဆန်းနဲ့ တွေ့ဆုံပြီး ဂုဏ်ပြုစကားပြောကြား

0
7

ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်းတို့နဲ့ တွေ့ဆုံပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တာ ဖြစ်ကြောင်း မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၁ရ်ကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူတည်းခိုရာ နေရာမှာ မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်နဲ့ တွေ့ဆုံပြီး အခုလို ဂုဏ်ပြုစကားပြောကြားခဲ့တာ ဖြစ်ပါတယ် ။

“ကျွန်တော် မိသားစု  အန်တီစုကိုလေးစားချစ်ခင်ပြီး အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်ပိုပြီး စိတ်အားထက်သန်ဖို့အတွက် အားပေးစကားတွေပြောပါတယ်၊ ဒီတွေ့ဆုံမှုက ကျွန်တော်ရဲ့ ဂျပန်ခရီးစဉ် အတွက်စိတ်လှုပ်ရှားဖွယ် အမှတ်ရစရာအခိုက်အတန့် ပါပဲကျေးဇူးအထူးတင်ပါတယ် အန်တီစုလို့” ရေးသားထားတာ ဖြစ်ပါတယ် ။

ဒါအ့ပြင် အောင်လအန်ဆန်က အခုလိုတွေ့ဆုံမှုကမိသားစုအတွက် အရမ်းနှစ်လိုဖွယ်ကောင်းပြီး အံအားဖွယ် တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့လည်းရေးသားထားပါတယ် ။

နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်လအန်ဆန်းနဲ့ တွေ့ဆုံပြီး ဂုဏ်ပြုစကားပြောကြား

ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်းတို့နဲ့ တွေ့ဆုံပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တာ ဖြစ်ကြောင်း မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ် ။

ဒီကနေ့ အောက်တိုဘာလ ၂၁ရ်ကနေ့မှာ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူတည်းခိုရာ နေရာမှာ မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်နဲ့ တွေ့ဆုံပြီး အခုလို ဂုဏ်ပြုစကားပြောကြားခဲ့တာ ဖြစ်ပါတယ် ။