ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ေျမာက္ကိုရီးယားကို ကုလေျပာ

0
42

ျပဳျပင္ေရး အက်ဥ္းစခန္းေတြမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္တိုက္ ရွိေနတယ္လို႔ စြပ္စြဲမႈေတြ ထြက္ေပၚၿပီးေနာက္ ႏိုင္ငံေရးအက်ဥ္းသားေတြ အကုန္လံုး လႊတ္ေပးဖို႔ ေျမာက္ကိုရီးယားကို ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂတ္တာရက္ဇ္က ေတာင္းဆိုလိုက္ပါတယ္။

စက္တင္ဘာလ ၁၇ ရက္ေန႔မွာ က်င္းပမယ့္ ၇၄ ႀကိမ္ေျမာက္ အေထြေထြ ညီလာခံမွာ တင္သြင္းတဲ့ အစီရင္ခံစာမွာ ဂတ္တာရက္ဇ္က အခုလို ေမတၱာရပ္ခံထားတာ ျဖစ္ပါတယ္။ အဲဒီ အစီရင္ခံစာမွာ မႏွစ္က ဇူလိုင္လကေန ဒီႏွစ္ စက္တင္ဘာလအထိ ေျမာက္ကိုရီးယားရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ေဖာ္ျပထားပါတယ္။

သူတို႔ရဲ႕ အေျခခံအခြင့္အေရးေတြကို က်င့္သံုးတဲ့အတြက္ ေျမာက္ကိုရီးယား ျပည္သူေတြက ထိန္းသိမ္း ဖမ္းဆီးခံေနရေၾကာင္း အစီရင္ခံစာထဲမွာ ဂတ္တာရတ္ဇ္က ေျပာပါတယ္။ ဟမ္ေဂ်ာင္ ေျမာက္ပိုင္းရွိ ဂြ်န္ဂိုရီ အက်ဥ္းစခန္းမွာ ထိန္းသိမ္းခံထားရသူ ၃ ေထာင္ရွိေၾကာင္း၊ အစာငတ္ျပတ္ၿပီး ေသဆံုးမႈေတြ ရွိေနေၾကာင္း သတင္းအေျမာက္အျမား ထြက္ေပၚေနပါတယ္။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြောက်ကိုရီးယားကို ကုလပြော

ပြုပြင်ရေး အကျဉ်းစခန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ရှိနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ မြောက်ကိုရီးယားကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တာရက်ဇ်က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပမယ့် ၇၄ ကြိမ်မြောက် အထွေထွေ ညီလာခံမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဂတ်တာရက်ဇ်က အခုလို မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာမှာ မနှစ်က ဇူလိုင်လကနေ ဒီနှစ် စက်တင်ဘာလအထိ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။

သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ကျင့်သုံးတဲ့အတွက် မြောက်ကိုရီးယား ပြည်သူတွေက ထိန်းသိမ်း ဖမ်းဆီးခံနေရကြောင်း အစီရင်ခံစာထဲမှာ ဂတ်တာရတ်ဇ်က ပြောပါတယ်။ ဟမ်ဂျောင် မြောက်ပိုင်းရှိ ဂျွန်ဂိုရီ အကျဉ်းစခန်းမှာ ထိန်းသိမ်းခံထားရသူ ၃ ထောင်ရှိကြောင်း၊ အစာငတ်ပြတ်ပြီး သေဆုံးမှုတွေ ရှိနေကြောင်း သတင်းအမြောက်အမြား ထွက်ပေါ်နေပါတယ်။