
0
38


ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ စက်တင်ဘာလ ၁၇ ရက်နေ့က နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တာပါ။








နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လူငယ်ပိုပြီးပါဝင်လာဖို့အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား ပြုလုပ်

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လူငယ်တွေ ပိုပြီးပါဝင်လာဖို့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ပြောပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ စက်တင်ဘာလ ၁၇ ရက်နေ့က နိုင်ငံတကာ ငြိမ်းချမး်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တာပါ။

ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ကော်မတီက အခုလိုပြောပါတယ်။
Soundbite – ကိုဟန်စော (တွဲဖက်အတွင်းရေးမှူး ၂)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ
ဒါ့အပြင် “ငြိမ်းချမ်းရေးခရီးဘယ်လို ခရီးဆက်ကြမလဲ”ခေါင်းစဉ်နဲ့ “အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် မျှော်ရည်ချက်များ”ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ပြုလုပ်ခဲ့တာပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ နေရာမှာ လူငယ်တွေအနေနဲ့ ဒီထက်ပိုပြီး အားစိုက်ဖို့လိုအပ်နေသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ပြောပါတယ်။
Soundbite – ကိုဟန်စော (တွဲဖက်အတွင်းရေးမှူး ၂)ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ
လက်ရှိ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဖော်ဆောင်တဲ့နေရာမှာ အကျပ်းအတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အဲ့ဒီအကျပ်အတည်းတွေကို လူငယ်တွေသိရှိစေပြီး ပါဝင်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ လူငယ်ရေးရာကော်မတီက ပြောပါတယ်ခင်ဗျာ