နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံကို သွားရောက်မယ်

0
96




<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

(၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို မကြာမီကာလအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။

(၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ထိုင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဇွန်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိပ်သီး အစည်းအဝေး ကာလအတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။