ႏိုင္ငံေတာ္ လံုၿခံဳေရးအဖြဲ႔ေတြနဲ႔ အသြင္တူတဲ့ ဝတ္စံုေတြ မဝတ္စားဖို႔ ကုမၸဏီေတြနဲ႔ ေတြ႔ဆံုရွင္းလင္း

0
2835

ႏိုင္ငံေတာ္ လံုၿခံဳေရးအဖြဲ႔အစည္းေတြနဲ႔ အသြင္သ႑န္တူတဲ့ ဝတ္စံုေတြ ဝတ္စားဆင္ယင္မႈ မရွိေစေရးအတြက္ ပုဂၢလိက လံုၿခံဳေရးကုမၸဏီေတြ၊ ပုဂၢလိက ဘဏ္ေတြနဲ႔ စူပါမားကတ္ လံုၿခံဳေရးအဖြဲ႔ေတြနဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးအဖြဲ႔တို႔ ေတြ႔ဆံုရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဇန္နဝါရီလ ၂၀ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ အဲဒီ ေတြ႔ဆံုရွင္းလင္းပြဲမွာ လုံၿခဳံေရးေဆာင္ရြက္ေနတဲ့ အဖြဲ႔မ်ားက ယူနီေဖာင္း ဝတ္စားဆင္ယင္အသုံးျပဳမႈနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံပိုင္သတင္းစာေတြမွာ ေဖာ္ျပပါရွိတဲ့ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ ေၾကညာခ်က္အေပၚ သိရွိလိုက္နာေဆာင္ရြက္ေစေရး ရွင္းလင္းခဲ့ပါတယ္။

ႏိုင္ငံေတာ္ လုံၿခဳံေရး အဖြဲ႕အစည္းေတြ ဝတ္ဆင္အသုံးျပဳတဲ့့ ဝတ္စုံေတြနဲ႔ သ႑ာန္တူတဲ့ ဝတ္စုံေတြကို ဖန္တီးဝတ္စား ဆင္ယင္ျခင္း မျပဳလုပ္ၾကဖို႔နဲ႔ စိစစ္ေတြ႔ရွိပါက ဥပေဒအရ အေရးယူေဆာင္ရြက္မွာ ျဖစ္ပါတယ္။
…………………. ။ ။ ………………….

နိုင်ငံတော် လုံခြုံရေးအဖွဲ့တွေနဲ့ အသွင်တူတဲ့ ဝတ်စုံတွေ မဝတ်စားဖို့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံရှင်းလင်း

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အသွင်သဏ္ဍန်တူတဲ့ ဝတ်စုံတွေ ဝတ်စားဆင်ယင်မှု မရှိစေရေးအတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ စူပါမားကတ် လုံခြုံရေးအဖွဲ့တွေနဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖွဲ့တို့ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အဲဒီ တွေ့ဆုံရှင်းလင်းပွဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့များက ယူနီဖောင်း ဝတ်စားဆင်ယင်အသုံးပြုမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကြေညာချက်အပေါ် သိရှိလိုက်နာဆောင်ရွက်စေရေး ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းတွေ ဝတ်ဆင်အသုံးပြုတဲ့ ဝတ်စုံတွေနဲ့ သဏ္ဍာန်တူတဲ့ ဝတ်စုံတွေကို ဖန်တီးဝတ်စား ဆင်ယင်ခြင်း မပြုလုပ်ကြဖို့နဲ့ စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။