
0
39



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းကို စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ မြန်မာနိုင်ငံအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။