ႏိုင္ငံေတာ္သမၼတ႐ံုး၊ လံုၿခံဳေရးအရာရွိခ်ဳပ္ဌာနႀကီး၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ကို ရာထူးက ေျပာင္းေရႊ႕

0
2996

ႏိုင္ငံေတာ္သမၼတ႐ံုး၊ လံုၿခံဳေရးအရာရွိခ်ဳပ္ဌာနႀကီး၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ကို လူမႈ၀န္ထမ္း၊ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္အျဖစ္ ေျပာင္းေရႊ႕ ခန္႔ထားလိုက္ပါတယ္။

ႏိုင္ငံေတာ္သမၼတက ဇန္န၀ါရီလ ၂၉ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ၀န္ထမ္းအဖြဲ႔အစည္းအႀကီးအမွဴးေတြ ေျပာင္းေရႊ႕ခန္႔ထားျခင္း သတင္းထုတ္ျပန္ခ်က္မွာ အဲ့ဒီလို ေဖာ္ျပလာတာပါ။

ဒီလိုေဖာ္ျပရာမွာေတာ့ ႏိုင္ငံေတာ္သမၼတရံုး၊ လံုျခံုေရးအရာရွိခ်ဳပ္ဌာနႀကီး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းႏိုင္ထြန္းကို လူကယ္ျပန္၀န္ႀကီးဌာန ျပန္လည္ထူေထာင္ေရးဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္အျဖစ္ ေျပာင္းေရႊ႕ ခန္႔ထားလိုက္တာပါ။

အခုရာထူးေျပာင္းေရႊ႕လိုက္တဲ့ ဦး၀င္းႏိုင္ထြန္းဟာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ အနီးကပ္လံုၿခံဳေရးအဖြဲ႕ဝင္ တစ္ဦးလည္းျဖစ္ၿပီး သူ႔ကို ရာထူးေျပာင္းေရႊ႕မႈနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ ေျပာင္းေရႊ႕ရတယ္ဆိုတာကိုေတာ့ သတင္းထုတ္ျပန္မႈ မရွိပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးအရာရှိချုပ်ဌာနကြီး၊ ညွှန်ကြားရေးမှူးချုပ်ကိုရာထူးက ပြောင်းရွှေ့

နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးအရာရှိချုပ်ဌာနကြီး၊ ညွှန်ကြားရေးမှူးချုပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွေ ပြောင်းရွှေ့ခန့်ထားခြင်း သတင်းထုတ်ပြန်ချက်မှာ အဲ့ဒီလို ဖော်ပြလာတာပါ။ ဒီလိုဖော်ပြရာမှာတော့ နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးအရာရှိချုပ်ဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကို လူကယ်ပြန်ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်တာပါ။

အခုရာထူးပြောင်းရွှေ့လိုက်တဲ့ ဦးဝင်းနိုင်ထွန်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး သူ့ကို ရာထူးပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ပြောင်းရွှေ့ရတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်မှု မရှိပါဘူး။