
0
324




နိုင်ငံအတွက် ဆိုးရွားတဲ့အန္တရာယ် ကျရောက်လာတော့မယ်လို့ နိုင်ငံရေးပါတီ ၂၆ ပါတီက သဘောထား ထုတ်ပြန်

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အပိုဒ် ၆၁ (စ) ပါ အချက်တွေက မူလနိုင်ငံသား များနေရာမှာ နိုင်ငံသား ဖြစ်ခွင့်မရှိသူတွေ အများအပြားဝင်ရောက်လာမှာ စိုးရိမ်ကြောင်းနဲ့ နိုင်ငံအတွက် ဆိုးရွားတဲ့အန္တရာယ် ကျရောက်လာတော့မယ်လို့ နိုင်ငံရေးပါတီ ၂၆ ပါတီက ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇွန်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အပိုဒ် ၆၁ (စ) ပါ အချက်တွေ ကို အတည်ပြုရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံမဲ ၂၅၄ နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်မှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ ပုဒ်မ ၇၃ ပါ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရရှိစေရဆိုတဲ့ ပြဌာန်းချက်ကို လွှမ်းမိုး ပယ်ဖျတ်ရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။