0
665
<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
နိုင်ငံအကျိုးစီးပွား မထိခိုက်ရင် အခြေခံဥပဒေ ပြင်ဆင်ချက်တွေကို ထောက်ခံမယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်ပြော
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသားတွေ၊ ပြည်သူလူထု အကျိုးစီးပွားကို မထိခိုက်ရင် ပြင်ဆင်ချက်တွေကို ထောက်ခံသွားမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
ဒါ့အပြင်‘ကော်မတီမှာ ဆွေးနွေးတဲ့အခါ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ထိခိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွေ ဆွေးနွေးလာမယ်ဆိုရင်တော့ ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။
လက်ရှိမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပူးပေါငး်ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတာပါ။ တပ်မတော်အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပြင်ဆင်ချင်တဲ့အချက်တွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောခဲ့ပါတယ်။