
0
35










နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အပေါ်မှာသာ မူတည်နေ


နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ ကောင်းစေ၊ ဆိုးစေချင်တဲ့ အပေါ်မှာ မူတည်နေတယ်လို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် လူငယ်တွေအနေနဲ့ အနာဂတ်အတွက် ပိုပြီးကြိုးစားသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။


ဒါ့အပြင် အဲဒီလို ကြိုးစားရာမှာ ယဉ်ကျေးသိမ်မွေ့ဖို့လိုအပ်ပြီး အောင်မြင်မှုလမ်းကြောင်းချောမွေ့စေဖို့ အတွက် စာအုပ်၊ စာပေတွေကိုလည်း လေ့လာဖတ်ရှုသင့်တယ်လို့ပြောပါတယ်။


Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


ဒါ့အပြင် ဒီနေ့ခေတ်လူငယ်တွေကြားမှာ ယဉ်ကျေးသိမ်မွေ့မှု အလေ့အထ လျော့နည်းပျောက်ဆုံးနေ တာကြောင့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာရှိတဲ့ လူငယ်တွေက ဆက်ဆံရေးကောင်းတဲ့လူငယ်တွေဖြစ် အောင်ကြိုးစားဖို့လိုတယ်လို့လည်း ပြောပါတယ်။


Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


နိုင်ငံရဲ့အနာဂတ်ကောင်းမွန်ဖို့ကိုလည်း လူငယ်တွေက နိုင်ငံအတွင်းမှာရှိတဲ့ အမြင်ကျဉ်းမြောင်းတာတွေ ကိုပြုပြင်ပြီး အမြင်ကျယ်ကျယ်နဲ့ဦးဆောင်နိုင်ဖို့လိုတယ်လို့လည်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်ခင်ဗျာ။