ႏိုင္ငံတကာအရည္အေသြးမီ သားေရထုတ္လုပ္ဖို႔ ေခတ္မီစက္ပစၥည္း လိုအပ္ခ်က္႐ွိေန

0
36

ႏိုင္ငံတကာ အရည္အေသြးမီ သားေရအေခ်ာထည္ ထုတ္လုပ္ႏိုင္ဖို႔ ေခတ္မီစက္ပစၥည္း လိုအပ္ခ်က္ေတြရွိေနတယ္လို႔ လည္သာသားေရထုတ္လုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာ သတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး ေသာ္တာတိုးက တင္ဆက္ေပးထားပါတယ္။

မံုရြာစက္မႈဇံုမွာ ကၽြဲ၊ ႏြား၊ ဆိတ္၊ သိုး စတဲ႔တိရိစာၦန္အေရအခြံကို လူအသုံးအေဆာင္ လည္သာသားေရအျဖစ္ ေျပာင္းလဲထုတ္လုပ္ေနတဲ႔ စက္ရုံ ၅ ရုံရွိေနတာ ျဖစ္ပါတယ္။

အဲဒီ စက္ရုံ ၅ ရုံအနက္ ၄ ရုံက ဓါတုပစၥည္းမသုံးဘဲ သစ္ေခါက္ေဆးရည္စိမ္ၿပီးလုပ္တဲ႔ ဖိနပ္သားေရ တစ္မ်ိဳးတည္းကိုသာ ထုတ္လုပ္တာျဖစ္ၿပီး က်န္တဲ႔ သားေရစက္ရုံက ဓါတုပစၥည္းေတြ အသုံးျပဳကာ လည္သာသားေရ အေခ်ာထည္ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။

ႏို္င္ငံတကာ အရည္အေသြးမီ သားေရအေခ်ာထည္ ထုတ္လုပ္ႏိုင္ဖို႔ ေခတ္မီစက္ပစၥည္း လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ လည္သာသားေရထုတ္ လုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

အင္တာဗ်ဴး

ဦးသာထြန္းဦး ၄၆ (ဆန္းျမင့္ သားေရထုတ္လုပ္ေရး-မံုရြာစက္မႈဇံု)

သစ္ေခါက္ေဆးရည္စိမ္ ဖိနပ္သားေရေတြက မိရိုးဖလာနည္းပညာအတိုင္း ျပဳလုပ္ၾကတာ ျဖစ္ၿပီး အနံအသက္ေတြ မပါေအာင္ ထုတ္လုပ္ေနတာျဖစ္တဲ႔အတြက္ ျပည္တြင္းေဈးကြက္သာမက ႏိုင္ငံျခား ေဈးကြက္ရရွိဖို႔ ရည္မွန္းထားတယ္လို႔ လုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

အင္တာဗ်ဴး

ဦး၀င္းျမင့္သိန္း ၃၅ (၀င္းျမင့္သိန္း သားေရထုတ္လုပ္ေရး-မံုရြာစက္မႈဇံု)

မုံရြာစက္မႈဇုန္က ထြက္ရွိတဲ႔ လည္သာသားေရအေခ်ာထည္ေတြနဲ႔ သစ္ေခါက္ေဆးရည္စိမ္ ဖိနပ္သားေရေတြကို အရည္အေသြးအားျဖင့္ နိုင္တကာအဆင့္မွီထုတ္လုပ္  နိုင္တာျဖစ္တာေၾကာင့္ ရန္ကုန္၊ မႏၱေလး၊ ပခုကၠဴ စတဲ့ျပည္တြင္းေစ်းကြက္ကို တင္ပို႔ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

နိုင်ငံတကာ အရည်အသွေးမီ သားရေအချောထည် ထုတ်လုပ်နိုင်ဖို့ ခေတ်မီစက်ပစ္စည်း လိုအပ်ချက်တွေရှိနေတယ်လို့ လည်သာသားရေထုတ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာ သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး သော်တာတိုးက တင်ဆက်ပေးထားပါတယ်။

မုံရွာစက်မှုဇုံမှာ ကျွဲ၊ နွား၊ ဆိတ်၊ သိုး စတဲ့တိရိစ္ဆာန်အရေအခွံကို လူအသုံးအဆောင် လည်သာသားရေအဖြစ် ပြောင်းလဲထုတ်လုပ်နေတဲ့ စက်ရုံ ၅ ရုံရှိနေတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံ ၅ ရုံအနက် ၄ ရုံက ဓါတုပစ္စည်းမသုံးဘဲ သစ်ခေါက်ဆေးရည်စိမ်ပြီးလုပ်တဲ့ ဖိနပ်သားရေ တစ်မျိုးတည်းကိုသာ ထုတ်လုပ်တာဖြစ်ပြီး ကျန်တဲ့ သားရေစက်ရုံက ဓါတုပစ္စည်းတွေ အသုံးပြုကာ လည်သာသားရေ အချောထည် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

နိ်ုင်ငံတကာ အရည်အသွေးမီ သားရေအချောထည် ထုတ်လုပ်နိုင်ဖို့ ခေတ်မီစက်ပစ္စည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ လည်သာသားရေထုတ် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အင်တာဗျူး
ဦးသာထွန်းဦး ၄၆ (ဆန်းမြင့် သားရေထုတ်လုပ်ရေး-မုံရွာစက်မှုဇုံ)

သစ်ခေါက်ဆေးရည်စိမ် ဖိနပ်သားရေတွေက မိရိုးဖလာနည်းပညာအတိုင်း ပြုလုပ်ကြတာ ဖြစ်ပြီး အနံအသက်တွေ မပါအောင် ထုတ်လုပ်နေတာဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြား ဈေးကွက်ရရှိဖို့ ရည်မှန်းထားတယ်လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အင်တာဗျူး
ဦးဝင်းမြင့်သိန်း ၃၅ (ဝင်းမြင့်သိန်း သားရေထုတ်လုပ်ရေး-မုံရွာစက်မှုဇုံ)

မုံရွာစက်မှုဇုန်က ထွက်ရှိတဲ့ လည်သာသားရေအချောထည်တွေနဲ့ သစ်ခေါက်ဆေးရည်စိမ် ဖိနပ်သားရေတွေကို အရည်အသွေးအားဖြင့် နိုင်တကာအဆင့်မှီထုတ်လုပ် နိုင်တာဖြစ်တာကြောင့် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စတဲ့ပြည်တွင်းဈေးကွက်ကို တင်ပို့နေတာ ဖြစ်ပါတယ် ခင်ဗျာ။