ႏိုင္ငံကို ပ်က္စီးေစခ်င္တဲ့ သူေတြ ရွိတယ္လုိ႔ တပ္မေတာ္ေျပာ

0
85

ျပင္ဦးလြင္ တပ္မေတာ္နည္းပညာတကၠသိုလ္ အပါအဝင္ ေနရာ ငါးေနရာ တိုက္ခိုက္ခံခဲ့ရမႈအေပၚ ႏုိင္ငံအတြက္ အက်ဳိးမလိုလားတဲ့ အဖြဲ႔အစည္းေတြ ရွိေနေၾကာင္းနဲ႔ ႏုိင္ငံကုိ ပ်က္စီးေစခ်င္တဲ့သူေတြ ရွိတယ္လုိ႔     တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ဒု ဥကၠ႒ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီ ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ေနျပည္ေတာ္ တပ္မေတာ္ စစ္သမိုင္းျပတုိက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ အခုလုိေျပာၾကားခဲ့တာပါ။

ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ တပ္ရင္းဌာနခ်ဳပ္ အနီးပတ္ဝန္းက်င္၊ ျပင္ဦးလြင္ရွိ တပ္မေတာ္ နည္းပညာတကၠသိုလ္၊ မူးယစ္ေဆး ရွာေဖြေရးနဲ႔ ပူးေပါင္းစစ္ေဆးေရး ဂိတ္ေတြ အပါအဝင္ေနရာ ၅ ေနရာကို တအာင္းလက္နက္ကိုင္အဖြဲ႔ TNLA ၊ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ကုိးကန္႔အဖြဲ႔ MNDAA တို႔ ပူးေပါင္းအဖြဲ႔က ၾသဂုတ္လ ၁၅ ရက္ေန႔ မနက္ပိုင္းမွာ တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ 

ဒါအ့ျပင္ အခုလို တုိက္ခိုက္မႈလုပ္ရက္ဟာ ျပည္သူ႔အက်ဳိးကုိ ဖ်က္ဆီးတဲ့ အဖ်က္အေမွာက္ အၾကမ္းဖက္လုပ္ရပ္ ျဖစ္တယ္လို႔လည္း ဗုိလ္ခ်ဳပ္  ထြန္းထြန္းညီက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

နိုင်ငံကို ပျက်စီးစေချင်တဲ့သူတွေ ရှိတယ်လို့ တပ်မတော်ပြော


ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာ တိုက်ခိုက်ခံခဲ့ရမှုအပေါ် နိုင်ငံအတွက် အကျိုးမလိုလားတဲ့ အဖွဲ့အစည်းတွေ ရှိနေကြောင်းနဲ့ နိုင်ငံကို ပျက်စီးစေချင်တဲ့သူတွေ ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ ပြောကြားလိုက်ပါတယ်။


ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တပ်ရင်းဌာနချုပ် အနီးပတ်ဝန်းကျင်၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ မူးယစ်ဆေး ရှာဖွေရေးနဲ့ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွေ အပါအဝင်နေရာ ၅ နေရာကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ပူးပေါင်းအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ဒါအ့ပြင် အခုလို တိုက်ခိုက်မှုလုပ်ရက်ဟာ ပြည်သူ့အကျိုးကို ဖျက်ဆီးတဲ့ အဖျက်အမှောက် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ထည့်သွင်းပြောကြားခဲ့ပါတယ်။