ၿမိတ္မွာ စြန္႔ပစ္အုန္းခြံကေန လက္မွဳပညာ အဆင္႔ျမင္႔လူသံုးကုန္ပစၥည္း ထုတ္လုပ္မွဳသင္တန္းဖြင့္(႐ုပ္/သံ)

0
919

ၿမိတ္ေဒသခံျပည္သူေတြ အလုပ္အကိုင္အခြင္႔အလမ္းေတြရရွိဖို႔အတြက္ စြန္႔ပစ္အုန္းခြံကေန လက္မွဳပညာ အဆင္႔ျမင္႔လူသံုးကုန္ပစၥည္း ထုတ္လုပ္မွဳသင္တန္းပို႔ခ်ေနပါတယ္ ။ ဒီသတင္းကို MCNသတင္းေထာက္ ေအာင္သူ ကတင္ဆက္ေပးထားပါတယ္ ။

ေဒသခံျပည္သူေတြ ခရီးသြားလုပ္ငန္းနဲ႕ပတ္သက္ၿပီး တစ္ဖက္တလမ္းက၀င္ေငြရရွိေစဖို႔အတြက္ စြန္႔ပစ္အုန္းခြံကေန လက္မွဳအဆင္႔ျမင္႔လူသံုးကုန္ပစၥည္း ထုတ္လုပ္မွဳသင္တန္းကို ေဖေဖာ္၀ါရီလ (၈) ရက္ေန႔ကျမိတ္ျမိဳ႕မွာ စတင္ဖြင့္လွစ္သင္ၾကားေနတာျဖစ္ပါတယ္ ။ ဒီသင္တန္းဟာ ၆ ရက္ၾကာျမင့္မွာျဖစ္ျပီး ၿမိတ္ၿမိဳ႕က လူငယ္ေတြနဲ႔ ကြ်န္းစုၿမိဳ႕ကလူငယ္ေတြစုစုေပါင္း အေယာက္ ၃၀ ကိုသင္ၾကားေပးေနတာျဖစ္ပါတယ္ ။

Soundbite – ေဒၚစန္းစန္းဟန္ အတြင္းေရးမွဴး
အုန္းသီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ ေရာင္းခ်သူမ်ားအသင္း
ဒီသင္တန္းဖြင့္လွစ္သင္ၾကားေပးရတာက လက္ရွိအခ်ိန္မွာ ၿမိတ္ကြ်န္းစု ခရီးသြားလုပ္ငန္း ေအာင္ျမင္လာတာျဖစ္တဲ႔အတြက္ ေဒသခံေတြ ေဒသထြက္ကုန္ စြန္႕ပစ္ပစၥည္းေတြကို တန္ဖိုးျမွင္႔ ထုတ္ကုန္ေတြ ဖန္တီး ထုတ္လုပ္ေရာင္းခ်ႏိုင္ဖို႔အတြက္ျဖစ္ပါတယ္ ။

Soundbite – မ၀င္း၀င္းလွိဳင္ သင္တန္းသူ
ကြ်န္းစုၿမိဳ႕နယ္ ဒံုးေညာင္မိုင္းေက်းရြာ

ဒီသင္သင္တန္းကို စက္မွဳ ၀န္ႀကီးဌာန ၿမိတ္ခရိုင္ စက္မွဳႀကီးၾကပ္ေရးႏွင္႔ စစ္ေဆးေရး ဦးစီးဌာန၊ အေသးစားႏွင္႔ အလတ္စားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျမန္မာႏိုင္ငံ အုန္းသီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ ေရာင္းခ်သူမ်ားအသင္းနဲ႔ ျမိတ္ခရီးသြားလုပ္ငန္းရွင္ေတြက ကူညီပံပိုးေပးခဲ႔ၾကတာျဖစ္ပါတယ္ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့အတွက် စွန့်ပစ်အုန်းခွံကနေ လက်မှုပညာ အဆင့်မြင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းပို့ချနေပါတယ် ။ ဒီသတင်းကို MCNသတင်းထောက် အောင်သူ ကတင်ဆက်ပေးထားပါတယ် ။

ဒေသခံပြည်သူတွေ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး တစ်ဖက်တလမ်းကဝင်ငွေရရှိစေဖို့အတွက် စွန့်ပစ်အုန်းခွံကနေ လက်မှုအဆင့်မြင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းကို ဖေဖော်ဝါရီလ (၈) ရက်နေ့ကမြိတ်မြို့မှာ စတင်ဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ် ။ ဒီသင်တန်းဟာ ၆ ရက်ကြာမြင့်မှာဖြစ်ပြီး မြိတ်မြို့က လူငယ်တွေနဲ့ ကျွန်းစုမြို့ကလူငယ်တွေစုစုပေါင်း အယောက် ၃၀ ကိုသင်ကြားပေးနေတာဖြစ်ပါတယ် ။

Soundbite – ဒေါ်စန်းစန်းဟန် အတွင်းရေးမှူး
အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း
ဒီသင်တန်းဖွင့်လှစ်သင်ကြားပေးရတာက လက်ရှိအချိန်မှာ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း အောင်မြင်လာတာဖြစ်တဲ့အတွက် ဒေသခံတွေ ဒေသထွက်ကုန် စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်ကုန်တွေ ဖန်တီး ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက်ဖြစ်ပါတယ် ။

Soundbite – မဝင်းဝင်းလှိုင် သင်တန်းသူ
ကျွန်းစုမြို့နယ် ဒုံးညောင်မိုင်းကျေးရွာ

ဒီသင်သင်တန်းကို စက်မှု ဝန်ကြီးဌာန မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းနဲ့ မြိတ်ခရီးသွားလုပ်ငန်းရှင်တွေက ကူညီပံပိုးပေးခဲ့ကြတာဖြစ်ပါတယ် ။