ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီး Creamfields ဂီတပွဲတော်ကို မြန်မာမှာ ပထမဆုံးကျင်းပမယ်

0
68





H-Life Entertainment



H-Life Entertainment


ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီး Creamfields ဂီတပွဲတော်ကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပသွားမယ်လို့ H-Life Entertainment က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

လူ ၇၀ဝ၀ဝ ကျော်လောက် လာရောက်ဆင်နွှဲကြတဲ့ Creamfields Music Festival ကို လာမယ့် စက်တင် ဘာလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ Thuwunnabhumi Event Park မှာ ကျင်းပသွားမယ်လို့ H-Life Entertainment ကပြောပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က Novotel Yangon Max ဟိုတယ်မှာ Creamfields Myanmar 2019 ဂီတပွဲတော် ကျင်းပသွားဖို့ရှိနေတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite – ကိုကောင်းဆက် (Creative Director)
H-Life Entertainment

၁၉၉၈ ခုနှစ်လောက်က စတင်ကျင်းပခဲ့တဲ့ Electronic Music Festival Creamfields ဟာ Global Branding ရှိပြီးသားဖြစ်တဲ့ ဂီတပွဲတော်ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နာမည်ကြီး DJ တစ်ဦးဖြစ်တဲ့ KSHMAR အပါအဝင် တခြား ကမ္ဘာ့ထိပ်တန်း ဂီတပညာရှင်တွေက လာရောက်ဖျော်ဖြေ သွားမှာဖြစ်ပါတယ်။

Soundbite – ကိုကောင်းဆက် (Creative Director)
H-Life Entertainment

Creamfields အတွက် လက်မှတ်အမျိုးအစားတွေကိုတော့ General, VIP နဲ့ VVIP သုံးမျိုးခွဲထားပြီး အသေးစိတ်အချက်အလက်နဲ့ လက်မှတ်ဝယ်ယူနိုင်တဲ့နေရာကိုတော့ Creamfields Myanmar Facebook စာမျက်နှာမှာ ဝင်ရောက် လေ့လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။