
0
458



………………….. ။ ။ …………………

ဖြိုးကိုကိုတင့်ဆန်းကို နောက်တိုး အမှုထပ်ဖွင့်

လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့ ဖြိုးကိုကိုတင့်ဆန်း (၄၁ နှစ်) ကို အမှုသစ်တွေ ထပ်ဖွင့်လိုက်ပါတယ်။

ACE ကုမ္ပဏီ ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ နေပြည်တော် ဒက္ခိဏသီရိမြို့မ ရဲစခန်းက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ၊ အေလာနယ်မြေရဲစခန်းက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အမှုထပ်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် ရည်ရွယ်ချက်နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ တခြားဝန်ထမ်းဝတ်စုံကို ထင်ယောင်ထင်မှား ဖြစ်စရေန် ဝတ်ဆင်မှု၊ အစိုးရဌာန၊ တပ်မတော် အာဏာပိုင်က ပြုလုပ်စီမံထားတဲ့ တံဆိပ်တုံးနဲ့ တံဆိပ်ကို အတုပြုလုပ် လက်ဝယ်ထားရှိမှုတွေကြောင့် ထပ်တိုး အမှုဖွင့်တာ ဖြစ်ပါတယ်။