ငြိမ်းချမ်းရေး ရန်ပုံငွေတွေကို အပိုမသုံးမိဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

0
192

ပြည်တွင်းပြည်ပက ကူညီထောက်ပံ့တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေတွေကို အပိုကုန်ကျမှု အပိုသုံးစွဲမှုမရှိစေဖို့ တာဝန်ယူပြီး ဆောင်ရွက်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

15621755_941626672638216_1694045250840394393_n

ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့မှာကျင်းပတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးမှာ အဲဒီလိုပြောကြားလိုက်တာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ စီမံကိန်းတွေကို ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ပြီး အဲဒီစီမံကိန်းတွေ ရေးဆွဲရာမှာလည်း အလှူရှင်တွေက ကူညီလိုတဲ့စီမံကိန်းတွေမဖြစ်စေဘဲ လက်တွေ့လိုအပ်နေတဲ့ လိုအပ်ချက်တွေကို စဉ်းစားပြီး အလှူရှင်တွေက လိုအပ်တဲ့ ထောက်ပံ့မှုပေးနိုင်ဖို့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုတဲ့ စီမံကိန်းတွေကို အလေးထားဆောင်ရွက်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က တာဝန်ယူ ညှိနှိုင်းပေးဖို့လည်း မှာကြားခဲ့ပါတယ်။