ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အမ်ိဳးသမီးပါဝင္မႈ ပိုမ်ားလာရင္ ေအာင္ျမင္မႈ ရရွိႏိုင္မယ္လို႔ ယံုၾကည္

0
121

ျမန္မာနိ္ုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလမ္းစဥ္မွာ အမ်ဳိးသမီးေတြ ပါ၀င္မႈ ပုိမိုမ်ားလာပါက ေအာင္ျမင္မႈရရွိနုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္း ျမန္မာနုိ္င္ငံဆုိင္ရာ အေမရိကန္သံအမတ္ၾကီးက ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ သႏၱာမိုးက ေပးပို႔ထားပါတယ္။

အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ USAID က ျငိမ္းခ်မ္းေရးမွာ ပါ၀င္ပံ့ပိုးေနတဲ့ အမ်ဳိးသမီးမ်ား ပုံကားခ်ပ္စီမံကိန္း ျဖစ္ေပၚလာဖုိ႔ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက အမ်ိဳးသမီး ၆၇၀ ေက်ာ္ကို စစ္တမ္းေကာက္ယူခဲ့ပါတယ္။

အဲဒီပုံကားခ်ပ္ စီမံကိန္းရဲ႕ အခ်က္အလက္ေတြကို အသုံးျပဳၿပီး ျမန္မာနိ္ုင္ငံရဲ႕ ျငိမ္းခ်မ္းေရး လမ္းစဥ္မွာ အမ်ဳိးသမီးေတြ ပိုမိုပါ၀င္လာမယ္ဆိုရင္ ေအာင္ျမင္မႈေတြရရွိနုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္း ျမန္မာနုိ္င္ငံဆုိင္ရာ အေမရိကန္သံအမတ္ၾကီး မာစီရယ္က ေျပာၾကားခဲ့ပါတယ္။
မတ္လ ၆ ရက္ေန႔က ရန္ကုန္ျမဳိ႕ Melia Yangon Hotel မွာ ျငိမ္းခ်မ္းေရးမွာ ပါ၀င္ပံ့ပိုးေပးေနတဲ့ အမ်ဳိးသမီးမ်ား စီမံကိန္းအေၾကာင္း ရွင္းလင္းတင္ျပ ေဆြးေႏြးခဲ့ၾကတာပါ။

Soundbite H.E Scot Marciel
(ျမန္မာနုိ္င္ငံဆုိင္ရာ အေမရိကန္သံအမတ္ၾကီး)

ျမန္မာနို္င္ငံရဲ႕ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကုိ ေအာင္ျမင္ေစခ်င္တယ္။ ၿငိမ္းခ်မ္းေရးလမ္းစဥ္မွာ အမ်ဳိးသမီးေတြပါ၀င္မႈ မ်ားေလေလ ေအာင္ျမင္မႈရနုိင္ေခ်က ပုိမ်ားနုိင္မယ္လုိ႔ ယုံၾကည္ထားပါတယ္။ ျပည္႔ျပည္႔၀၀ပါ၀င္လာမယ္ဆုိရင္ ပိုၿပီးေတာ႔ ထိေရာက္တဲ႔ အက်ဳိးရလဒ္ေတြ ရရွိလာမယ္လုိ႔ က်ေတာ္ယုံၾကည္ထားလုိပါ။ ေနာက္ထပ္ ေမ်ွာ္လင္႔ထားတာက ဒီပုံကားခ်ပ္ကုိ အသုံးခ်ျပီးေတာ႔ ျမန္မာနုိင္ငံထဲမွာရွိေနတဲ့ အမ်ဳိးသမီးေတြရဲ႕ အင္အားေတြနဲ႔ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကုိ ေဆြးေႏြးတဲ႔ေနရာမွာ ဖိတ္ေခၚဖုိ႔ လုိအပ္ပါတယ္။

Women Contributing to Peace ျငိမ္းခ်မ္းေရးမွာ ပါ၀င္ပံ့ပိုးေပးေနတဲ့ အမ်ဳိးသမီးမ်ား စီမံကိန္း စစ္တမ္းေကာက္ယူမႈကို ၂၀၀၈ ခုႏွစ္ ၾသဂုတ္လကေန ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလအထိ အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ USAID က ေကာက္ယူခဲ့တာပါ။
ဒါအျပင္ နုိင္ငံအတြင္းျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းပါ၀င္တဲ႔ အမ်ဳိးသမီးအဖြဲ႔အစည္းေတြ အေၾကာင္း ေဖာ္ျပမႈေတြနဲ႔အတူ ၿငိမ္းခ်မ္းေရးပဋိပကၡေတြကုိ ေျဖရွင္းရာမွာ အရည္အခ်င္းရွိတဲ့ အမ်ဳိးသမီးေတြရွိတယ္ဆိုတာကုိ ပုံကားခ်ပ္ေတြက ေဖာ္ျပထားတယ္လို႔ USAID ရဲ႕ ဌာေနညႊန္ၾကားေရးမွဴး ထရီဆာမက္ဂီက ေျပာပါတယ္။

Soundbite Ms. Teresa McGhie (Mission Director)
အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရး ေအဂ်င္စီ USAID

ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးေတြ ပါ၀င္နုိ္င္ဖုိ႔ အတားအဆီးေတြက ဘာေတြရွိမလဲဆုိတာကုိ ေလ့လာခဲ႔တာပါ။ အေတြ႔အၾကဳံရွိျပီး ဦးေဆာင္နုိင္တဲ႔ အမ်ဳိးသမီးေတြ အလုံအေလာက္မရွိဘူးလုိ႔ အၿမဲၾကားေနရပါတယ္။ အဲ့ဒါေၾကာင့္ ျမန္မာနုိင္ငံမွာ လက္ရွိ ရွိေနျပီးသား ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ျပီး လုပ္ေဆာင္ေနတဲ႔ က႑စုံက အမ်ဳိးသမီးေတြဟာ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ စီးပြားေရးအသိုင္းအ၀ုိင္းကလာတဲ႔သူေတြ၊ တျခားတက္ၾကြလႈပ္ရွားေနသူေတြလား ဆုိတာကုိ ခြဲျခားစုစည္းမႈနဲ႔အတူ ဦးေဆာင္နုိင္တဲ႔ အမ်ဳိးသမီးေတြ ရွိေနေၾကာင္းကုိ စီမံကိန္း ပုံကားခ်ပ္ေတြကေန ေဖာ္ေျပခဲ့တာျဖစ္ပါတယ္။

ျငိမ္းခ်မ္းေရးမွာ ပါ၀င္ပံ့ပိုးေပးေနတဲ့ အမ်ဳိးသမီးမ်ား စီမံကိန္းအေၾကာင္း ရွင္းလင္းတင္ျပအခမ္းအနားမွာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခံဳေရးဆိုင္ရာ ကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ျငိမ္းခ်မ္းေရးအတြက္ က်ား/မ တန္းတူေရး မဟာမိတ္အဖြဲ႔၊ တုိင္းရင္းသားလူမ်ဳိးမ်ားေရးရာစင္တာက၊ ျမန္မာနုိင္ငံ က်ား/မ ေရးရာ ေလ႔လာေရးသိပၸံအဖြဲ႕နဲ႔ သံလြင္ျပည္႔သူေရးရာ မူ၀ါဒေလ့လာေရးအဖြဲ႕တို႔က ကိုယ္စားျပဳ အမ်ိဳးသမီးေတြက ေဆြးေႏြးခဲ့ၾကပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးပါဝင်မှု ပိုများလာရင် အောင်မြင်မှု ရရှိနိုင်မယ်လို့ ယုံကြည်

မြန်မာနိ်ုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှု ပိုမိုများလာပါက အောင်မြင်မှုရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာနိ်ုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ငြိမ်းချမ်းရေးမှာ ပါဝင်ပံ့ပိုးနေတဲ့ အမျိုးသမီးများ ပုံကားချပ်စီမံကိန်း ဖြစ်ပေါ်လာဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အမျိုးသမီး ၆၇၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

အဲဒီပုံကားချပ် စီမံကိန်းရဲ့ အချက်အလက်တွေကို အသုံးပြုပြီး မြန်မာနိ်ုင်ငံရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမယ်ဆိုရင် အောင်မြင်မှုတွေရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာနိ်ုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာစီရယ်က ပြောကြားခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel မှာ ငြိမ်းချမ်းရေးမှာ ပါဝင်ပံ့ပိုးပေးနေတဲ့ အမျိုးသမီးများ စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြတာပါ။

Soundbite H.E Scot Marciel
(မြန်မာနိ်ုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး)

မြန်မာနိ်ုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို အောင်မြင်စေချင်တယ်။ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အမျိုးသမီးတွေပါဝင်မှု များလေလေ အောင်မြင်မှုရနိုင်ချေက ပိုများနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ပြည့်ပြည့်ဝ၀ပါဝင်လာမယ်ဆိုရင် ပိုပြီးတော့ ထိရောက်တဲ့ အကျိုးရလဒ်တွေ ရရှိလာမယ်လို့ ကျတော်ယုံကြည်ထားလိုပါ။ နောက်ထပ် မျှော်လင့်ထားတာက ဒီပုံကားချပ်ကို အသုံးချပြီးတော့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အင်အားတွေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆွေးနွေးတဲ့နေရာမှာ ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်။

Women Contributing to Peace ငြိမ်းချမ်းရေးမှာ ပါဝင်ပံ့ပိုးပေးနေတဲ့ အမျိုးသမီးများ စီမံကိန်း စစ်တမ်းကောက်ယူမှုကို ၂၀ဝ၈ ခုနှစ် သြဂုတ်လကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ကောက်ယူခဲ့တာပါ။
ဒါအပြင် နိုင်ငံအတွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အကြောင်း ဖော်ပြမှုတွေနဲ့အတူ ငြိမ်းချမ်းရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရှိတယ်ဆိုတာကို ပုံကားချပ်တွေက ဖော်ပြထားတယ်လို့ USAID ရဲ့ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီက ပြောပါတယ်။

Soundbite Ms. Teresa McGhie (Mission Director)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်နိ်ုင်ဖို့ အတားအဆီးတွေက ဘာတွေရှိမလဲဆိုတာကို လေ့လာခဲ့တာပါ။ အတွေ့အကြုံရှိပြီး ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေ အလုံအလောက်မရှိဘူးလို့ အမြဲကြားနေရပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေပြီးသား ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ကဏ္ဍစုံက အမျိုးသမီးတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးအသိုင်းအဝိုင်းကလာတဲ့သူတွေ၊ တခြားတက်ကြွလှုပ်ရှားနေသူတွေလား ဆိုတာကို ခွဲခြားစုစည်းမှုနဲ့အတူ ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေ ရှိနေကြောင်းကို စီမံကိန်း ပုံကားချပ်တွေကနေ ဖော်ပြေခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမှာ ပါဝင်ပံ့ပိုးပေးနေတဲ့ အမျိုးသမီးများ စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြအခမ်းအနားမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာစင်တာက၊ မြန်မာနိုင်ငံ ကျား/မ ရေးရာ လေ့လာရေးသိပ္ပံအဖွဲ့နဲ့ သံလွင်ပြည့်သူရေးရာ မူဝါဒလေ့လာရေးအဖွဲ့တို့က ကိုယ်စားပြု အမျိုးသမီးတွေက ဆွေးနွေးခဲ့ကြပါတယ်ရှင်။