ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခဳံေရးကိစၥရပ္ေတြအတြက္ အစုိးရကိုတိုက္တြန္းသြားမယ္

0
34

အမ်ဳိးသမီးဖိုရမ္ရဲ႕ ရလာဒ္ကေန ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးကိစၥရပ္ေတြကို တာ၀န္ယူ ေဆာင္ရြက္ သြားဖို႔ အစိုးရကို တိုက္တြန္းသြားမွာျဖစ္တယ္လို႔ ျမန္မာနိုင္ငံအမ်ဳိးသမီးမ်ားအဖြဲ႕ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္း ကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အပစ္ခတ္ရပ္ဆဲေရးေတြ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို လုပ္ေဆာင္ေနေပမယ့္ ေအာက္ေျခအဆင့္က ျပည္သူေတြခံစားေနရတဲ့ လူမႈေရးခ်ဳိးေဖာက္မႈေတြ၊ မၿငိမ္းခ်မ္းမႈေတြ၊ မလံုၿခံဳမႈေတြ ရွိေနတာေၾကာင့္ အမ်ိဳးသမီးဖိုရမ္ကေန ေဖာ္ထုတ္သြားမွာျဖစ္ပါတယ္။

ဒီရလာဒ္ကတစ္ဆင့္ စည္းရံုးလႈံ႕ေဆာ္တာေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး  ႏိုင္ငံေတာ္အစိုးရက တာ၀န္ယူေဆာင္ရြက္သြားဖို႔ကိုလည္း တိုက္တြန္းသြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite ;ေနာ္ဆဲဆဲ(အေထြေထြအတြင္းေရးမွဴး)

              ျမန္မာႏိုင္ငံအမ်ဳိးသမီးမ်ားအဖြဲ႕ခ်ဳပ္

၅ ႀကိမ္ေျမာက္က်င္းပခဲ့တဲ့ အမ်ဳိးသမီးဖုိရမ္မွာ ၿငိမ္းခ်မ္းေရးအတြက္အတူတကြ အားလံုးအတြက္ လံုၿခံဳေရး ေဆာင္ပုဒ္နဲ႔ အမ်ဳိးသမီးအဖြဲ႕အစည္း ၈၀ ေက်ာ္က သူတို႔ရဲ႕ေဒသမွာ ရင္ဆိုင္ေတြ႕ႀကံဳေနရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြကို ခ်ျပေဆြးေႏြးခဲ့ၾကတာပါ။

ဒါ့အျပင္ အမ်ဳိးသမီးဖိုရမ္ကေန အမ်ဳိးသမီးေတြ တစ္စုတစ္စည္းတည္း ေတာင္းဆုိတဲ့အခ်က္ဟာ စစ္ပြဲေတြမျဖစ္  ေစဖုိ႔ျဖစ္ၿပီး စစ္ပြဲေတြေၾကာင့္ အမ်ဳိးသမီးေတြနဲ႔ ကေလးငယ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ေတြမဲ့ေနရတယ္လို႔ လည္းေျပာပါတယ္။

Soundbite ; အယ္လိဇဘတ္(အမ်ဳိးသမီးတာ၀န္ခံ)

           က်ဳိင္းတံုနယ္ လူမ်ဳိး

ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာမွာျဖစ္ေစ၊ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ရာမွာ အမ်ဳိးသမီးေတြ ပိုမိုပါ၀င္လာႏိုင္ဖုိ႔ကိုလည္း ရည္ရြယ္သလို ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာမွာ မတူကြဲျပားတဲ့ အမ်ဳိးသမီးေတြကိုစုစည္းၿပီး တူညီတဲ့နည္းလမ္းကေန အေျဖရွာၿပီး အတူတကြ လုပ္ေဆာင္သြားဖို႔ ရည္ရြယ္က်င္းပခဲ့တာျဖစ္ပါတယ္။

အမျိုးသမီးဖိုရမ်ရဲ့ ရလာဒ်ကနေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက် သွားဖို့ အစိုးရကို တိုက်တွန်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်း ကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အပစ်ခတ်ရပ်ဆဲရေးတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နေပေမယ့် အောက်ခြေအဆင့်က ပြည်သူတွေခံစားနေရတဲ့ လူမှုရေးချိုးဖောက်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ မလုံခြုံမှုတွေ ရှိနေတာကြောင့် အမျိုးသမီးဖိုရမ်ကနေ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။

ဒီရလာဒ်ကတစ်ဆင့် စည်းရုံးလှုံ့ဆော်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Soundbite ;နော်ဆဲဆဲ(အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်

၅ ကြိမ်မြောက်ကျင်းပခဲ့တဲ့ အမျိုးသမီးဖိုရမ်မှာ ငြိမ်းချမ်းရေးအတွက်အတူတကွ အားလုံးအတွက် လုံခြုံရေး ဆောင်ပုဒ်နဲ့ အမျိုးသမီးအဖွဲ့အစည်း ၈၀ ကျော်က သူတို့ရဲ့ဒေသမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ချပြဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် အမျိုးသမီးဖိုရမ်ကနေ အမျိုးသမီးတွေ တစ်စုတစ်စည်းတည်း တောင်းဆိုတဲ့အချက်ဟာ စစ်ပွဲတွေမဖြစ် စေဖို့ဖြစ်ပြီး စစ်ပွဲတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် မျှော်လင့်ချက်တွေမဲ့နေရတယ်လို့ လည်းပြောပါတယ်။

Soundbite ; အယ်လိဇဘတ်(အမျိုးသမီးတာဝန်ခံ)
ကျိုင်းတုံနယ် ဝ လူမျိုး

ငြိမ်းချမ်းရေးတည်ဆောက်ရာမှာဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ကိုလည်း ရည်ရွယ်သလို ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ မတူကွဲပြားတဲ့ အမျိုးသမီးတွေကိုစုစည်းပြီး တူညီတဲ့နည်းလမ်းကနေ အဖြေရှာပြီး အတူတကွ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။