ၾသစေၾတးလ်ေတြ ဒ႐ုန္းနဲ႔ ဓာတ္ပံု႐ိုက္လို႔ အီရန္မွာ အဖမ္းခံရတာ ျဖစ္

0
43

အီရန္ႏိုင္ငံမွာ အဖမ္းခံရတဲ့ ၾသစေၾတးလ် ႏိုင္ငံသား ႏွစ္ဦးဟာ ဒ႐ုန္းနဲ႔ တရားမဝင္ ဓာတ္ပံုခိုး႐ိုက္လို႔ ျဖစ္တယ္လို႔ အမႈကို သိရွိတဲ့သူေတြက ေျပာပါတယ္။

ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အဖမ္းခံရသူ ႏွစ္ဦးဟာ မာ့ခ္ ဖီယာကင္နဲ႔ ဂ်ိဳလီ ကင္းတို႔ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အစက အဖမ္းခံရသူ သံုးဦးလို႔ သတင္းထြက္ေပမယ့္ အခု ႏွစ္ဦးသာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္တာပါ။ သူတို႔စံုတြဲဟာ ဒ႐ုန္းနဲ႔ ႐ုပ္သံေတြ ႐ိုက္ကူးၿပီး YouTube မွာ တင္ေလ့ရွိလို႔ လူသိမ်ားၿပီး subscriber ၂၁၆၀၀ ရွိသူေတြ ျဖစ္ပါတယ္။ သူတို႔႐ိုက္ကူးမႈေတြအနက္ ပါကစၥတန္ႏိုင္ငံ၊ ကာရာကိုရမ္ အေဝးေျပးလမ္းမွာ ကားေမာင္းတဲ့႐ုပ္သံဟာ ၾကည့္႐ႈသူ ၁ သိန္းခြဲ ရွိပါတယ္။

သူတို႔စံုတြဲဟာ ၾသစေၾတးလ်ကေန ေတာင္အာရွနဲ႔ ဗဟိုအာရွကို ခရီးသြားဖို႔ အစီအစဥ္ ဆြဲထားေၾကာင္း၊ ခရီးအဆံုးက ၿဗိတိန္ျဖစ္ေၾကာင္း သူတို႔ရဲ႕ ခရီးသြား ဘေလာ့ဂ္ျဖစ္တဲ့ The Way Overland မွာ ေဖာ္ျပထားပါတယ္။ သူတို႔ရဲ႕ Instagram မွာလည္း subscriber ၁၉၀၀၀ ရွိပါတယ္။

သြစတြေးလျတွေ ဒရုန်းနဲ့ ဓာတ်ပုံရိုက်လို့ အီရန်မှာ အဖမ်းခံရတာ ဖြစ်

အီရန်နိုင်ငံမှာ အဖမ်းခံရတဲ့ သြစတြေးလျ နိုင်ငံသား နှစ်ဦးဟာ ဒရုန်းနဲ့ တရားမဝင် ဓာတ်ပုံခိုးရိုက်လို့ ဖြစ်တယ်လို့ အမှုကို သိရှိတဲ့သူတွေက ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဖမ်းခံရသူ နှစ်ဦးဟာ မာ့ခ် ဖီယာကင်နဲ့ ဂျိုလီ ကင်းတို့ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အစက အဖမ်းခံရသူ သုံးဦးလို့ သတင်းထွက်ပေမယ့် အခု နှစ်ဦးသာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်တာပါ။ သူတို့စုံတွဲဟာ ဒရုန်းနဲ့ ရုပ်သံတွေ ရိုက်ကူးပြီး YouTube မှာ တင်လေ့ရှိလို့ လူသိများပြီး subscriber ၂၁၆၀ဝ ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ရိုက်ကူးမှုတွေအနက် ပါကစ္စတန်နိုင်ငံ၊ ကာရာကိုရမ် အဝေးပြေးလမ်းမှာ ကားမောင်းတဲ့ရုပ်သံဟာ ကြည့်ရှုသူ ၁ သိန်းခွဲ ရှိပါတယ်။

သူတို့စုံတွဲဟာ သြစတြေးလျကနေ တောင်အာရှနဲ့ ဗဟိုအာရှကို ခရီးသွားဖို့ အစီအစဉ် ဆွဲထားကြောင်း၊ ခရီးအဆုံးက ဗြိတိန်ဖြစ်ကြောင်း သူတို့ရဲ့ ခရီးသွား ဘလော့ဂ်ဖြစ်တဲ့ The Way Overland မှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ Instagram မှာလည်း subscriber ၁၉၀ဝ၀ ရှိပါတယ်။