သြစတြေးလျမှာ ထောင်သား သုံးဦး ထွက်ပြေး လွတ်မြောက်

0
255

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားရှိ ဘီးဝါ့သ် ထိန်းသိမ်းရေးစခန်းကနေ ညအချိန်မှာ ထောင်သား သုံးဦး ထွက်ပြေး လွတ်မြောက်သွားတဲ့အတွက် ရဲတွေက အပူတပြင်း ရှာဖွေနေပါတယ်။

မနေ့က ဇူလိုင်လ ၂၆ ရက်အကူး ၁၂ နာရီ ၃၈ မိနစ် အချိန်မှာ ဂျက်ဖရီ ပန်နယ် (၃၄ နှစ်)၊ ဘီလီ စပါလင်း (၂၅ နှစ်) နဲ့ သောမတ် စမစ် (၂၇ နှစ်) တို့ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ယာဉ်စီးကမ်း ဖောက်ဖျက်မှု၊ ရမ်းကားမှု၊ ခိုးမှု၊ မူးယစ်ဆေးမှုတွေနဲ့ အဖမ်းခံရပြီး သာမန် အကျဉ်းအသားတွေအဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

သူတို့ ထွက်ပြေး လွတ်မြောက်သွားတာကို ဒီနေ့ မနက် စောစောမှာ သိရှိပြီး ရဲတွေနဲ့ ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘီးဝါ့သ် ထိန်းသိမ်းရေးစခန်းမှာ ထားတဲ့ အကျဉ်းသားတွေဟာ လွတ်မြောက်ခါ နီးသူတွေ၊ လူ့အဖွဲ့အစည်းကို ပြန်ဝင်ဖို့ ပြင်ဆင်နေသူတွေ ဖြစ်ကြပါတယ်။

ထွက်ပြေးသွားတဲ့ ထောင်သားပုံတွေကို ထုတ်ပြန်ထားပြီး သူတို့ကို တွေ့မိသူတွေဟာ သူတို့နား မကပ်ဖို့နဲ့ အရေးပေါ်ဖုန်းကို ခေါ်ဖို့ ရဲတပ်ဖွဲ့က တပ်လှန့်ထားပါတယ်။