၉ လ အတြင္း ေသြးလြန္တုပ္ေကြး ေရာဂါေၾကာင့္ ေသဆံုးသူ တစ္ရာေက်ာ္အထိ ရွိလာ

0
52

ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ၉ လအတြင္း ေသြးလြန္တုပ္ေကြး ေရာဂါေၾကာင့္ ေသဆံုးသူ တစ္ရာေက်ာ္အထိ ရွိလာတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္း ထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာလ ၃ ရက္ေန႔က သတင္း ထုတ္ျပန္ခ်က္မွာ ဇန္နဝါရီလကေန  စက္တင္ဘာလ ၂၁ ရက္ေန႔အထိ ကိုးလအတြင္းေသြး လြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၁၈၀၀၀ ေက်ာ္ရွိၿပီး အဲ့ဒီအထဲက ၁၀၇ ဦး ေသဆုံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ကခ်င္ျပည္နယ္၊ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္နဲ႔ မႏၲေလးတိုင္းေဒသႀကီးတို႔ဟာ ေသြးလြန္တုပ္ေကြး အျဖစ္အမ်ားဆံုး တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၉ လ အတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ တစ်ရာကျော်အထိ ရှိလာ

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၉ လအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ တစ်ရာကျော်အထိ ရှိလာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က သတင်း ထုတ်ပြန်ချက်မှာ ဇန်နဝါရီလကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ကိုးလအတွင်းသွေး လွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၈၀ဝ၀ ကျော်ရှိပြီး အဲ့ဒီအထဲက ၁၀၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့ဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။