၄၅ ဦးကော်မတီရဲ့ စာတိုက်ပုံးအစီရင်ခံစာကို ဆွေးနွေးမှုထက် ခေါင်းဆောင်တွေ ဆွေးနွေးဖို့လို

0
119




● အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ စာတိုက်ပုံးကြီးနဲ့တူတဲ့ ဥပဒေကြမ်းအဖြစ် ဘယ်လိုပြောင်းလဲရမယ်မှန်း မသိပဲ အခက်အခဲဖြစ်နေတဲ့ အစီရင်ခံစာကို လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတာထက် အစိုးရ၊ တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေ ဆွေးနွေးကြတာမျိုးကသာ အဖြေရနိုင်မယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

● အချက်ပေါင်း ၃၇၀ဝ ကျော်ပါဝင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ စတင် ဆွေးနွေးခဲ့ကြတဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်တာပါ။