၃၈ ဦးေသတဲ့ ေစ်းဝယ္စင္တာ မီးေလာင္မႈ မီးသတ္ အရာရွိ ငါးဦးကို အလုပ္ ထုတ္

0
216

ဖိလစ္ပိုင္ႏိုင္ငံ၊ ဒါဗာအိုၿမိဳ႕မွာ လူ ၃၈ ဦး ေသဆံုးတဲ့ မီးေလာင္မႈေၾကာင့္ မီးသတ္အရာရွိ ငါးဦးကို အလုပ္ကေန ထုတ္ပယ္လိုက္ပါတယ္။

ဒီဇင္ဘာ ၂၃ ရက္ေန႔က ျဖစ္ပြားတဲ့ မီးေလာင္မႈေၾကာင့္ ဒါဗာအို မီးသတ္တပ္ဖြဲ႔က အဓိက တာဝန္ရွိသူ အရာရွိ ငါးဦးကို အလုပ္ကေန ထုတ္လိုက္တာ ျဖစ္ပါတယ္။  ေစ်းဝယ္စင္တာ တတိယထပ္ရွိ ပရိေဘာဂဆိုင္ကေန မီးစေလာင္တာျဖစ္ၿပီး အေမရိကန္ ကုမၸဏီ႐ံုးခန္း SSI ကို မီးကူးစက္ခဲ့ပါတယ္။

SSI မွာ ဝန္ထမ္း ၁၀၀ ေက်ာ္ အလုပ္လုပ္ေနၿပီး မီးလြတ္ရာကို ထြက္ေျပးႏိုင္ခဲ့ကာ ေျခာက္ဦး ဒဏ္ရာရခဲ့ပါတယ္။ အလုပ္ထုတ္ခံရသူေတြထဲမွာ ကုမၸဏီလုပ္ငန္း မီးေဘးလံုၿခံဳေရးစစ္ေဆးသူေတြ၊ မီးသတ္ဌာန အရာရွိေတြ ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၃၈ ဦးသေတဲ့ ဈေးဝယ်စင်တာ မီးလောင်မှု မီးသတ် အရာရှိ ငါးဦးကို အလုပ် ထုတ်

ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုမြို့မှာ လူ ၃၈ ဦး သေဆုံးတဲ့ မီးလောင်မှုကြောင့် မီးသတ်အရာရှိ ငါးဦးကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားတဲ့ မီးလောင်မှုကြောင့် ဒါဗာအို မီးသတ်တပ်ဖွဲ့က အဓိက တာဝန်ရှိသူ အရာရှိ ငါးဦးကို အလုပ်ကနေ ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဈေးဝယ်စင်တာ တတိယထပ်ရှိ ပရိဘောဂဆိုင်ကနေ မီးစလောင်တာဖြစ်ပြီး အမေရိကန် ကုမ္ပဏီရုံးခန်း SSI ကို မီးကူးစက်ခဲ့ပါတယ်။

SSI မှာ ဝန်ထမ်း ၁၀ဝ ကျော် အလုပ်လုပ်နေပြီး မီးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့ကာ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။ အလုပ်ထုတ်ခံရသူတွေထဲမှာ ကုမ္ပဏီလုပ်ငန်း မီးဘေးလုံခြုံရေးစစ်ဆေးသူတွေ၊ မီးသတ်ဌာန အရာရှိတွေ ပါဝင်ပါတယ်။