
0
57




၂၃၀ဝ ပြည့်နှစ်မှာ ကွန်ပြူတာတွေက အချိန်ကို ထိန်းချုပ်လိမ့်မယ်ဟု ဆို

အတိတ်ကိုရော အနာဂတ်ကိုပါ အချိန်တွေကို လိုသလို ခရီးသွားနိုင်တဲ့ Time-traveller လို့ သူ့ကိုယ်သူ ကြေညာထားသူတစ်ဦးက အနာဂတ် ၂၃၀ဝ ပြည့်နှစ်ရောက်ရင် ကွန်ပြူတာတွေက ကမ္ဘာကို အုပ်ချုပ်မှာဖြစ်ပြီး အချိန်ကိုလည်း ထိန်းချုပ်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Time-traveller လို့ ကြေညာထားတဲ့ ဂျရယ် ဂါဒနာက သူဟာ လျှို့ဝှက်ခရီးအဖြစ် အနာဂတ် ၂၃၀ဝ ပြည့်နှစ်ကို ရောက်ခဲ့လို့ အခုလို ပြောတာလို့ YouTube ပေါ် Apex TV မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောထားပါတယ်။ အဲဒီကာလမှာ မြို့ပြတွေကို အုပ်ချုပ်နေတာ ကွန်ပြူတာတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒီဟောကိန်းကို ဝေဖန်သူတွေကတော့ ဂျရယ် ဂါဒနာဟာ အထောက်အထား ပြနိုင်ခြင်း မရှိကြောင်း၊ ဒါပေမယ့် အဲဒီ Apex TV ကတော့ subscriber ၁၀ သိန်းကျော် ရသွားကြောင်း ရေးသားနေကြပါတယ်။