
0
63




၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနဲ့ ကာဂျစ္စတန်တို့ ယှဉ်ပြိုင်မယ်


၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် လက်ရွေးစင်အသင်းတို့ အောက်တိုဘာလ ၁၀ ရက်နေ့ တာဂျစ္စတန် နိုင်ငံ၊ အစ်ရှ်ကက်မြို့မှာ ကစားမှာ ဖြစ်ပါတယ်။


၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲမှာ ကာဂျစ္စတန်အသင်းကို အနိုင်ယူခဲ့တဲ့ တိုက်စစ်မှူး ကျော်ကိုကို၊ မောင်မောင်လွင်နဲ့ ဟိန်းသီဟဇော်တို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ အုပ်စု (စ) မှာ ကျရောက်နေပြီး မွန်ဂိုလီးယား၊ ဂျပန်အသင်းတို့နဲ့ ကစားထားတဲ့ ပွဲတွေမှာ ရှုံးနိမ့်ထားပါတယ်။


၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အောက်တိုဘာလ ၁၀ ရက် မြန်မာစံတော်ချိန် ည ၉ နာရီမှာ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sport Channel နဲ့ မြန်မာ့အသံ ရေဒီယိုတို့က တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။