၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီပြော

0
51







၅နှစ်တာကာလအတွင်း လွတ်တော်ကိုယ်စားလှယ် ရဲ့လှုပ်ရှားမှု တွေကို အရည်အသွေးစစ် ဆေးမှုတွေလုပ်ဆောင်နေပြီး ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ အတွက်ပြင်ဆင် နေတယ်လို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးကပို့ထားပါတယ်။

၂၀၂၀ခုနှစ် ထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေက ပါတီကိုမကြည့်တော့ပဲ လူကိုသာကြည့် မယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့ အပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Soundbite ဦးညီညီ (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ ကိုခေါင်းထဲထားဖိုမလိုပဲ အလုပ်နဲ့ သွားရမှာဖြစ်သလို အလုပ်လုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာလည်းအလိုလို နေရင်းနဲ့ ပြည်သူတွေကို စည်းရုံး ထားပြီးသား ဖြစ်တယ်လို့ ဦးညီညီကပြောပါတယ်။

Soundbite ဦးညီညီ (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

၂၀၁၅ခုနှစ် ထွေထွေရွေးကောက်ပွဲမှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ်အတွက် ၄၄၀နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အတွက်၂၂၄နေရာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အတွက် ၃၃နေရာကို ရွေးချယ်ခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီပါတီ NLDက ၈၀ရာခိုင်းနှုန်း အနိုင်ရရှိခဲ့တာ လည်းဖြစ်ပါ တယ်ရှင်။