၂၀၂၀ အလြန္ ႏိုင္ငံေရး အခင္းအက်င္းအတြက္ အေၾကအလည္ ေဆြးေႏြးမယ္

0
45

ႏုိင္ငံေတာ္အစိုးရ ကိုယ္စားလွယ္အဖြဲ႔နဲ႔ NCA-S EAO ညွိႏိႈင္းေရးအဖြဲ႕ ညွိႏိႈင္းအစည္းအေဝးကို ဒီကေန႔ စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္ပိုင္းမွာ  ရန္ကုန္ၿမိဳ႕၊ ေရႊလီလမ္းရွိ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) မွာ စတင္က်င္းပေနပါတယ္။

ေဆြးေႏြးပြဲမွာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးရရွိေရး၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး၊ တရားဝင္ေဆြးေႏြးပြဲေတြ ျပန္လည္က်င္းပႏိုင္ေရး၊ ၂၀၂၀ ႏွစ္ဦးမွာ ၂၁ ရာစုပင္လုံညီလာခံ  က်င္းပနုိင္ေရး၊ ၂၀၂၀ အလြန္ ႏုိင္ငံေရးေဆြးေႏြးပြဲအတြက္ အဆင့္လိုက္ ေဆာင္ရြက္ရမယ့္ အစီအစဥ္ေတြ ခ်မွတ္ႏုိင္ေရးကို ဦးတည္ၿပီး အစုိးရက အဆုိျပဳထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္သြားမယ့္ လမ္းစဥ္ (၄) ရပ္နဲ႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ NCA-S EAO  က အခ်ိန္ယူျပင္ဆင္ျပဳစုထားတဲ့ NCA သေဘာတူစာခ်ဳပ္ အေကာင္အထည္ ေဖာ္မႈဆုိင္ရာ မူေဘာင္ပါ အခ်က္ေတြကုိ ပြင့္ပြင္းလင္းလင္းနဲ႔ အေၾကအလည္ ညိွႏႈိင္းေဆြးေႏြးသြားဖုိ႔ ရွိေၾကာင္း NCA-S EAO ညွိႏိႈင္းေရးအဖြဲ႔ ေခါင္းေဆာင္ ဗုိလ္မွဴးႀကီး စုိင္းငင္းက ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။

၂၀၂၀ အလွန် နိုင်ငံရေး အခင်းအကျင်းအတွက် အကြေအလည် ဆွေးနွေးမယ်


နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ စတင်ကျင်းပနေပါတယ်။


ဆွေးနွေးပွဲမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တရားဝင်ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပနိုင်ရေး၊ ၂၀၂၀ နှစ်ဦးမှာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး၊ ၂၀၂၀ အလွန် နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆင့်လိုက် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ချမှတ်နိုင်ရေးကို ဦးတည်ပြီး အစိုးရက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လမ်းစဉ် (၄) ရပ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင် NCA-S EAO က အချိန်ယူပြင်ဆင်ပြုစုထားတဲ့ NCA သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ပါ အချက်တွေကို ပွင့်ပွင်းလင်းလင်းနဲ့ အကြေအလည် ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။