၂၀၂၀ မှာ အနိုင်ရရင် ခြေ/ဥ ပြင်ဆင်ရေး ဆက်လက် ကိုင်တွယ် ဖြေရှင်းမယ်

0
449

● ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

● ဂျပန် နိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့က Nikkei Asian Review သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာပါ။

● ဒီလိုပြောကြားရာမှာတော့ လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးဖို့ ပူးတွဲကော်မတီ ဖွဲ့စည်းရာမှာ တပ်မတော်ဟာ အလွန်အမင်း စိတ်အားထက်သန်မှုမရှိခဲ့ဘူးလို့လည်း ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် အဲ့ကိစ္စကို နောက်လာမည့်ကာလတွေမှာ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

● ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ မြန်မာနိုင်ငံကို ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရေးမှာ လိုအပ်ပေမယ့်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်မယ့်ပုံ မပေါ်တော့ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားတာ ဖြစ်ပါတယ်။

● ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

● ဂျပန် နိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့က Nikkei Asian Review သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာပါ။

● ဒီလိုပြောကြားရာမှာတော့ လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးဖို့ ပူးတွဲကော်မတီ ဖွဲ့စည်းရာမှာ တပ်မတော်ဟာ အလွန်အမင်း စိတ်အားထက်သန်မှုမရှိခဲ့ဘူးလို့လည်း ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် အဲ့ကိစ္စကို နောက်လာမည့်ကာလတွေမှာ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့တာြဖစ်ပါတယ်။