၂၀၂၀ မွာ ခြာနာလၽွာနာ ေရာဂါကာကြယ္ေဆး စက္႐ုံ အၿပီး တည္ေဆာက္မယ္

0
94

အခုလာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာ ခြာနာလၽွာနာ ေရာဂါကာကြယ္ေဆးဝါး ထုတ္လုပ္ေရးစက္႐ုံကုိ အၿပီး တည္ေဆာက္မယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူက ေျပာၾကားလိုက္ပါတယ္။

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ခြာနာလၽွာနာ ေရာဂါကာကြယ္ေဆးဝါး ထုတ္လုပ္ေရးစက္႐ုံ ပႏၷက္တင္ အခမ္းအနားကို ဇြန္လ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္ရွိ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ႐ုံးဝင္းအတြင္းမွာ က်င္းပခဲ့တာပါ။

ခြါနာလၽွာနာ ေရာဂါကာကြယ္ေဆး ပိုမိုထုတ္လုပ္ေပးျခင္းနဲ႔ ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းလုပ္ငန္းေတြ တိုးတက္ျမင့္မားလာေစျခင္း ကေနတစ္ဆင့္ ျမန္မာႏိုင္ငံမွာ ခြါနာလၽွာနာေရာဂါ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္လာႏိုင္ေစၿပီး စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေတြ ပိုမိုဖြံ႕ၿဖိဳးလာေစဖို႔ ရည္႐ြယ္ေဆာင္႐ြက္တာ ျဖစ္ၿပီး  အခု တည္ေဆာက္ေရး စီမံကိန္းကို ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လမွာ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၂၀၂၀ မှာ ခွာနာလျှာနာ ရောဂါကာကွယ်ဆေး စက်ရုံ အပြီး တည်ဆောက်မယ်


အခုလာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ခွာနာလျှာနာ ရောဂါကာကွယ်ဆေးဝါး ထုတ်လုပ်ရေးစက်ရုံကို အပြီး တည်ဆောက်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားလိုက်ပါတယ်။


မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခွာနာလျှာနာ ရောဂါကာကွယ်ဆေးဝါး ထုတ်လုပ်ရေးစက်ရုံ ပန္နက်တင် အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးဝင်းအတွင်းမှာ ကျင်းပခဲ့တာပါ။


ခွါနာလျှာနာ ရောဂါကာကွယ်ဆေး ပိုမိုထုတ်လုပ်ပေးခြင်းနဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းလုပ်ငန်းတွေ တိုးတက်မြင့်မားလာစေခြင်း ကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ခွါနာလျှာနာရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်စေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပြီး အခု တည်ဆောက်ရေး စီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။