၂၀၁၉ မွာ ေစာင့္ၾကည့္ရမယ့္ ပဋိပကၡ ၁၀ ခု (၂)

0
326

ႏိုင္ငံတကာ ပဋိပကၡ ေစာင့္ၾကည့္ေရးအဖြဲ႔ (ICG) ရဲ႕ ဥကၠ႒ ေရာဘတ္ ေမာ္လီ စာရင္းျပဳစုထားတဲ့ ၂၀၁၉ ခုႏွစ္မွာ ေစာင့္ၾကည့္ရမယ့္ ပဋိပကၡ ၁၀ ခု ျဖစ္ပါတယ္။ အဲဒါေတြကေတာ့ ယီမင္၊ အာဖဂန္နစၥတန္၊ အေမရိကန္-တ႐ုတ္ တင္းမာမႈ၊ ေဆာ္ဒီအာေရဗ်၊ အေမရိကန္၊ အစၥေရးနဲ႔ အီရန္၊ ဆီးရီးယား၊ ႏိုင္ဂ်ီးရီးယား၊ ေတာင္ဆူဒန္၊ ကင္မရြန္း၊ ယူကရိန္းနဲ႔ ဗင္နီဇြဲလားတို႔ ျဖစ္ပါတယ္။

၆။ ႏိုင္္ဂ်ီးရီးယား

ႏိုင္ဂ်ီးရီးယားဟာ လာမယ့္ ေဖေဖာ္ဝါရီလမွာ သမၼတနဲ႔ ဖက္ဒရယ္ လႊတ္ေတာ္အမတ္ ေရြးေကာက္ပြဲရွိၿပီး မတ္လမွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ျပည္နယ္ လႊတ္ေတာ္အမတ္ ေရြးေကာက္ပြဲ က်င္းပဖို႔ ရွိေနပါတယ္။ ႏိုင္ဂ်ီးရီးယား ေရြးေကာက္ပြဲေတြဟာ ပဋိပကၡျဖစ္ေလ့ရွိၿပီး လာမယ့္ ေရြးေကာက္ပြဲေတြကလည္း အလြန္ အကဲဆတ္ႏိုင္ပါတယ္။
သမၼတ မူဟာမာဒူ ဘူဟာရီနဲ႔ သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ ဒုသမၼတေဟာင္း အာတီကူ အဘူဘာကာတို႔ အႀကီးအက်ယ္ ယွဥ္ၿပိဳင္ၾကဖို႔ ရွိပါတယ္။ ဘူဟာရီရဲ႕ အာဏာရပါတီ All Progressives Congress ပါတီနဲ႔ ဘူဟာရီ မတိုင္ခင္ ၁၆ ႏွစ္ၾကာ အာဏာရခဲ့ဖူးတဲ့ အဘူဘာကာရဲ႕ People’s Democratic ပါတီတို႔ ဆက္ဆံေရးဟာလည္း ခါးသီးေနပါတယ္။ ဘူဟာရီရဲ႕ အစိုးရက ေရြးေကာက္ပြဲ ေကာ္မရွင္အတြက္ ဘတ္ဂ်က္ ခ်ေပးဖို႔နဲ႔ လံုၿခံဳေရးကိစၥေတြကို အခ်ိန္ဆြဲေနပါတယ္။ အတိုက္အခံ ပါတီကလည္း ေကာ္မရွင္နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြကို ယံုၾကည္မႈ မရွိပါဘူး။
၂၀၁၁ ခုႏွစ္တုန္းက မဲေပးစဥ္မွာ ဆႏၵျပပြဲေတြ ျဖစ္ၿပီး တိုက္ခိုက္မႈေၾကာင့္ ႏိုင္ဂ်ီးရီးယား ေျမာက္ပိုင္းမွာ လူ ၈၀၀ ေလာက္ ေသဆံုးခဲ့ပတယ္။ ႏိုင္ဂ်ီးရီးယားမွာ ရာဇဝတ္မႈေတြ မ်ားျပားၿပီး အေထြေထြ လံုၿခံဳေရးကလည္း အားနည္းေနပါတယ္။
အေရွ႕ေျမာက္ပိုင္းမွာ အစိုးရနဲ႔ အစၥလာမ္ ဘိုကိုဟာရမ္ သူပုန္ေတြအၾကား တိုက္ခိုက္မႈေၾကာင့္ အရပ္သားေတြ ၾကားညပ္ေနပါတယ္။ ႏိုင္ဂ်ီးရီးယား အလယ္ပိုင္းမွာ မြတ္စလင္နဲ႔ ခရစ္ယာန္ေတြၾကား ပဋိပကၡ ျဖစ္ပြားမႈေၾကာင့္ ေသဆံုးသူ ၁၅၀၀ ခန္႔ ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ ေရနံၾကြယ္ဝတဲ့ ႏိုင္ဂ်ာ ျမစ္ဝွမ္းမွာ ဖက္ဒရယ္အစိုးရနဲ႔ ေဒသခံေတြၾကား တင္းမာမႈေတြ ရွိေနပါတယ္။
ႏိုင္ဂ်ီးရီးယား အစိုးရက လံုၿခံဳေရး လိုအပ္တဲ့ ျပည္နယ္ေတြမွာ လံုၿခံဳေရး တင္းက်ပ္တာ၊ မဲဆြယ္မႈေတြ ၿငိမ္းခ်မ္းေအာင္ ပါတီေတြကို တိုက္တြန္းတာ၊ အျငင္းပြားမႈေတြကို ဥပေဒနဲ႔ ေျဖရွင္းတာေတြ စတင္ လုပ္ေဆာင္သင့္ပါတယ္။

၇။ ေတာင္ဆူဒန္

လြန္ခဲ့တဲ့ ငါးႏွစ္က စခဲ့တဲ့ ျပည္တြင္းစစ္ေၾကာင့္ ေတာင္ဆူဒန္မွာ လူေပါင္း ၄ သိန္းေလာက္ ေသဆံုးခဲ့ၿပီ ျဖစ္ပါတယ္။ မႏွစ္က စက္တင္ဘာလမွာ သမၼတ ဆယ္လ္ဗာ ကီယာနဲ႔ ၿပိဳင္ဘက္ျဖစ္တဲ့ သူပုန္ေခါင္းေဆာင္ တျဖစ္လဲ ဒုတိယ သမၼတေဟာင္း ရီအက္ မာခ်ာတို႔ အပစ္ရပ္ဖို႔နဲ႔ ၂၀၂၂ ခုႏွစ္ ေရြးေကာက္ပြဲအထိ ပူးတြဲအုပ္ခ်ဳပ္ၾကဖို႔ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးထားပါတယ္။
၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လတုန္းက အလားတူ စာခ်ဳပ္မ်ိဳး လက္မွတ္ေရးထိုးခဲ့ေပမယ့္ ပ်က္ျပယ္ၿပီး တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ဖူးလို႔ စိုးရိမ္ရတဲ့ အေျခအေနမွာပဲ ရွိပါေသးတယ္။ ေတာင္ဆူဒန္ၿမိဳ႕ေတာ္ ဂ်ဴဘာရဲ႕ လံုၿခံဳေရးကလည္း ခက္ခဲေနဆဲျဖစ္ၿပီး စစ္တပ္တြင္း စည္းလံုးမႈလည္း လိုေနပါတယ္။
အိမ္နီးခ်င္း ဆူဒန္ႏိုင္ငံမွာ သမၼတ ဘာရွားဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ကုန္ေစ်းႏႈန္းတက္မႈေၾကာင့္ ၿမိဳ႕ေတြမွာ ဆႏၵျပမႈေတြခံရၿပီး သမၼတ ဆင္းေပးဖို႔ ေတာင္းဆိုတာ ခံရပါတယ္။ ဆူဒန္ႏိုင္ငံ မၿငိမ္သက္မႈဟာ ေတာင္ဆူဒန္ကိုလည္း မတည္ၿငိမ္မႈ ျဖစ္ေစပါတယ္။
ရန္ပံုေငြေပးမယ့္ ႏိုင္ငံတကာ အလွဴရွင္ေတြကလည္း ကီယာနဲ႔ မာခ်ာတို႔ရဲ႕ အေျခအေနကို အကဲခတ္ေနပါတယ္။ သူတို႔ သေဘာတူညီခ်က္ ပ်က္ျပားရင္ ဘာျဖစ္လာမလဲဆိုတာ မသိႏိုင္ပါဘူး။ ႏိုင္ငံရဲ႕ အေျခအေန ဆိုးရြားၿပီး ေသြးစြန္းမႈေတြ ထပ္ျဖစ္ႏိုင္ပါတယ္။ အေနာက္ႏိုင္ငံေတြနဲ႔ ေဒသတြင္းႏိုင္ငံေတြက သေဘာတူညီခ်က္ မပ်က္ျပားေအာင္ ႏွစ္ဘက္ေခါင္းေဆာင္ေတြကို ထိန္းေၾကာင္းေပးႏိုင္ပါတယ္။

၈။ ကင္မရြန္း

ျပႆနာေတြမ်ားတဲ့ ေဒသမွာ တည္ၿငိမ္တဲ့ႏိုင္ငံလို႔ ယူဆခဲ့တဲ့ ကင္မရြန္းႏိုင္ငံမွာ အဂၤလိပ္စကားေျပာ ေဒသေတြအတြင္း ျပည္တြင္းစစ္ျဖစ္မယ့္ အလားအလာေတြ ရွိေနပါတယ္။
အဲဒီအလားအလာေတြဟာ ၂၀၁၆ ခုႏွစ္ကစၿပီး တျဖည္းျဖည္း ျမင့္တက္လာတာ ျဖစ္ပါတယ္။ ပညာေရးနဲ႔ ဥပေဒကိစၥေတြမွာ ျပင္သစ္ဘာသာစကား တိုးခဲ်႕ေနမႈကို အဂၤလိပ္စကားေျပာ ေက်ာင္းဆရာေတြနဲ႔ ေရွ႕ေနေတြက လမ္းေပၚထြက္ ဆႏၵျပရာက စတင္ခဲ့တာပါ။ ကင္မရြန္းႏိုင္ငံရွိ အဂၤလိပ္စကားေျပာတဲ့ လူနည္းစုကို ခြဲျခားဆက္ဆံမႈအျဖစ္ ဆႏၵျပမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ခဲ့ပါတယ္။ ကင္မရြန္းမွာ အဂၤလိပ္စကားေျပာသူက လူဦးေရရဲ႕ ငါးပံု တစ္ပံုရွိပါတယ္။
အစိုးရက ဆႏၵျပ ေခါင္းေဆာင္ေတြနဲ႔ ညွိႏိႈင္းမႈ မလုပ္ဘဲ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ဆႏၵျပသူေတြကို အင္အားသံုးႏွိမ္နင္းကာ တက္ၾကြလႈပ္ရွားသူေတြကိုလည္း ေထာင္ခ်ခဲ့ပါတယ္။ အစိုးရရဲ႕ တံု႔ျပန္မႈကို အဂၤလိပ္စကားေျပာ ျပည္သူေတြက ေဒါသထြက္ခဲ့ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေတာင္းဆိုရာကေန လက္နက္ကိုင္ ခြဲထြက္ေရး အုပ္စုေတြ ျဖစ္လာၿပီး ၂၀၁၇ ခုႏွစ္မွာ တိုက္ခိုက္မႈေတြအထိ ျဖစ္ခဲ့ပါတယ္။
လတ္တေလာမွာ ခြဲထြက္ေရး ၁၀ ဖြဲ႔နီးပါးအထိ ရွိေနၿပီး အစိုးရတပ္ေတြနဲ႔ တိုက္ခိုက္ေနပါတယ္။ ျပည္ပရွိ အဖြဲ႔အစည္း ႏွစ္ခုျဖစ္တဲ့ အမ္ဘာဇိုနီးယား စင္ၿပိဳင္အစိုးရနဲ႔ အမ္ဘာဇိုနီးယား အုပ္ခ်ဳပ္ေရး ေကာင္စီတို႔ကလည္း ေထာက္ခံအားေပးေနပါတယ္။ အဂၤလိပ္စကားေျပာ ေဒသေတြရွိ ရာဝဇတ္ဂိုဏ္းေတြကလည္း ဖ႐ိုဖရဲ အေျခအေနကို အခြင့္ေကာင္းယူကာ သူတို႔လႈပ္ရွားမႈေတြကို တိုးခ်ဲ႕ေနၾကပါတယ္။
တိုက္ခိုက္မႈေတြေၾကာင့္ စစ္သား၊ စစ္ပုလိပ္နဲ႔ ရဲအရာရွိ ၂၀၀ ေသဆံုးခဲ့ၿပီး ၃၀၀ ခန္႔ ဒဏ္ရာရခဲ့ပါတယ္။ ခြဲထြက္ေရးသမား ၆၀၀ ေက်ာ္ ေသဆံုးခဲ့ပါတယ္။ အရပ္သား ၅၀၀ ခန္႔လည္း ေသဆံုးခဲ့ပါတယ္။ ႏိုင္ဂ်ီးရီးယားမွာ အဂၤလိပ္စကားေျပာေဒသက လာတဲ့ ဒုကၡသည္ ၃ ေသာင္းရွိၿပီး ကင္မရြန္းႏိုင္ငံထဲမွာ ေရႊ႕ေျပာင္းအေျခခ်ရသူ ၄၃၇၀၀၀ ရွိပါတယ္။
အေျခအေနကို ေျဖရွင္းႏိုင္ဖို႔ ယံုၾကည္မႈ တည္ေဆာက္ေရး လိုအပ္ပါတယ္။ အစိုးရက ခြဲထြက္ေရး ေခါင္းေဆာင္ေတြ အပါအဝင္ ႏိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးသင့္ပါတယ္။ အပစ္ရပ္ေရးနဲ႔ အဂၤလိပ္စကားေျပာသူမ်ားရဲ႕ ညီလာခံကို က်င္းပေပးၿပီး ညွိႏိႈင္းေရးအတြက္ သူတို႔ရဲ႕ ကိုယ္စားလွယ္ကို ေရြးခ်ယ္ေစသင့္ပါတယ္။ ဒါမွသာ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ေရး၊ ဖက္ဒရယ္စနစ္ သြားဖို႔ဆိုတာေတြ စားပြဲဝိုင္းမွာ ေဆြးေႏြးႏိုင္မွာပါ။
မႏွစ္က ဒီဇင္ဘာလမွာ အဂၤလိပ္စကားေျပာေဒသက လူေတြ၊ ခြဲထြက္ေရးေခါင္းေတြ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား ၂၈၉ ဦးကို လႊတ္ေပးခဲ့ေပမယ့္ ေထာင္ထဲမွာ ရာနဲ႔ခ်ီၿပီး က်န္ရွိေနပါတယ္။ အဲဒီလို လႊတ္ေပးတာဟာ ေစတနာရင္းနဲ႔လား ခြဲထြက္ေရးသမားေတြကို ေဆြးေႏြးလာေစဖို႔ ဆြဲေဆာင္တာလား ဆိုတာေတာ့ ေသခ်ာ မသိႏိုင္ပါဘူး။

၉။ ယူကရိန္း

ယူကရိန္းမွာ စစ္ပြဲေတြက ဆက္ျဖစ္မယ့္သေဘာ ရွိပါတယ္။ ဒြန္ဘတ္စ္ေဒသမွာ ခြဲထြက္ေရးသမားေတြကို ႐ုရွားက ေထာက္ပံ့အားေပးေနပါတယ္။ အဲဒီအေျခအေနက ႐ုရွားနဲ႔ အေနာက္ႏိုင္ငံေတြၾကား ပထဝီႏိုင္ငံေရး ထိပ္တိုက္ေတြ႔မႈကို မီးထိုးေပးသလို ျဖစ္ေနပါတယ္။
ေနာက္ဆံုး ျဖစ္သြားတဲ့ ျပႆနာကေတာ့ မႏွစ္က ႏိုဝင္ဘာလမွာ အာေဇာ့ဗ္ ပင္လယ္အတြင္း ႐ုရွားနဲ႔ ယူကရိန္း ေရတပ္တို႔ ထိပ္တိုက္ေတြ႔ခဲ့ၿပီး ႐ုရွားက ကီရတ္ ေရလက္ၾကားကို ပိတ္ဆို႔လိုက္ပါတယ္။ ႐ုရွားက ယူကရိန္း စစ္သေဘၤာေတြကို တိုက္ခိုက္ခဲ့ၿပီး စစ္သား ႏွစ္ဒါဇင္ေလာက္ကိုလည္း ဖမ္းဆီးခဲ့လို႔ တင္းမာမူေတြ ျမင့္တက္ခဲ့ပါတယ္။ အေနာက္ႏိုင္ငံေတြက ယူကရိန္းဘက္က ရပ္တည္ၾကပါတယ္။
ဒြန္ဘတ္စ္မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြလည္း ထိခိုက္မႈ ရွိေနေပမယ့္ ယူကရိန္းဘက္ကေရာ ႐ုရွားဘက္ကပါ တိုက္ပြဲေတြ အဆံုးသတ္ေရး နည္းလမ္းရွာေဖြျခင္း မရွိပါဘူး။ ယူကရိန္းမွာ လာမယ့္ မတ္လအတြင္း ေရြးေကာက္ပြဲ က်င္းပဖို႔လည္း ရွိေနပါတယ္။

၁၀။ ဗင္နီဇြဲလား

 

ေရနံၾကြယ္ဝတဲ့ ဗင္နီဇြဲလားႏိုင္ငံဟာ ေဒသတြင္း အက်ပ္အတည္းကို ျဖစ္ေစႏိုင္လို႔ လက္တင္ အေမရိက ႏိုင္ငံေတြက ေစာင့္ၾကည့္ေနပါတယ္။ ဗင္နီဇြဲလားရဲ႕ စီးပြားေရးဟာ ျမန္ျမန္ထိုးက်ေနၿပီး လူမႈအသိုင္းအဝုိင္းကို သက္ေရာက္မႈေတြ ရွိေနပါတယ္။ ဆင္းရဲႏြမ္းပါးမႈနဲ႔ အာဟာရ မျပည့္မႈေတြလည္း ရွိေနပါတယ္။ ဗင္နီဇြဲလားမွာ အျမစ္ျပတ္သြားၿပီျဖစ္တဲ့ ဆံုဆို႔နာ ေရာဂါလို ေရာဂါမ်ိဳးေတြလည္း တေက်ာ့ျပန္ ျဖစ္ပြားေနပါတယ္။
ဗင္နီဇြဲလား လူဦးေရ ၃၁ သန္းအနက္ ၃ သန္းေလာက္က ကိုလံဘီယာနဲ႔ တျခား အိမ္နီးခ်င္းႏိုင္ငံေတြဆီ ထြက္ေျပးခဲ့ၾကပါတယ္။ ႏိုင္ငံက ထြက္ေျပးတဲ့ ဗင္နီဇြဲလားႏိုင္ငံသား အေရအတြက္ဟာ ၂၀၁၉ ႏွစ္ကုန္မွာ ၅ ဒသမ ၃ သန္းေလာက္ ရွိမယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားပါတယ္။
သမၼတ နီကိုလပ္ မာဒူ႐ိုက စီးပြားေရးကို အလြန္ ဆိုးရြားလြဲမွားစြာ စီမံခန္႔ခြဲေနၿပီး လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြကိုလည္း ျငင္းဆန္ေနပါတယ္။ ျပည္တြင္းအတိုက္အခံေတြနဲ႔ ႏိုင္ငံတကာက အသိအမွတ္ မျပဳေပမယ့္ မာဒူ႐ိုဟာ အခု ဒုတိယသက္တမ္း ဆက္လက္ တာဝန္ယူေနပါတယ္။
အတိုက္အခံေတြကလည္း အားေပ်ာ့ေနၿပီး ျပည္ေျပးအဖြဲ႔ေတြကလည္း မာဒူ႐ိုကို အင္အားသံုး ျဖဳတ္ခ်ဖို႔ ႏိုင္ငံျခားတိုင္းျပည္ေတြကို တိုက္တြန္းေနပါတယ္။ အိမ္နီးခ်င္း ႏိုင္ငံေတြကလည္း ဗင္နီးဇြဲလားက ထြက္ေျပးလာသူေတြကို ေနရာခ်ထားဖို႔ အခက္အခဲေတြ ႀကံဳေနပါတယ္။ အေမရိက ႏိုင္ငံမ်ားအသင္း အေထြေထြ အတြင္းေရးမွဴး လူးဝစ္ အယ္လ္မာဂ႐ိုက စစ္ေရးအရ စြက္ဖက္မႈ အပါအဝင္ ဘယ္နည္းလမ္းကို မဆို မခ်န္ခဲ့သင့္ဘူးလို႔ အရိပ္အေယာင္ ေျပာထားပါတယ္။ သမၼတ ထရမ့္ကလည္း အလားတူ ေျပာခဲ့ဖူးပါတယ္။
ကိုလံဘီယာ သမၼတ အီဗန္ ဒူကက္ကေတာ့ ျပင္ပက စစ္ေရးစြက္ဖက္မႈဟာ အေျခအေနကို ပိုဆိုးေစလိမ့္မယ္လို႔ ေျပာပါတယ္။ အေမရိကန္နဲ႔ ဥေရာပက မာဒူ႐ိုရဲ႕ အတြင္းစည္းက လူေတြကို ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေနပါတယ္။ အေမရိကန္က ဘ႑ာေရးဆိုင္ရာ ကန္႔သတ္မႈေတြ လုပ္ခဲ့ပါတယ္။ ပီ႐ူးအပါဝင္ တခ်ိဳ႕ႏိုင္ငံေတြက ဗင္နီဇြဲလားကို သံတမန္ဆက္ဆံေရး ျဖတ္ေတာက္ဖို႔ အႀကံျပဳေပမယ့္ အထီးက်န္သြားတဲ့ ဗင္နီဇြဲလားမွာ အေျခအေန ပိုဆိုးသြားႏိုင္ပါတယ္။
စစ္ေရးအရ စြက္ဖက္မႈ မလုပ္လိုဘူးဆိုရင္ ၿငိမ္းခ်မ္းစြာ ကူးေျပာင္းေရး ျဖစ္ေအာင္ လုပ္သင့္ပါတယ္။ ႏိုင္ငံေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲဖို႔ အစိုးရနဲ႔ အတိုက္အခံေတြ ေဆြးေႏြးညွိႏိႈင္းတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ မာဒူ႐ိုက စိတ္မဝင္စားရင္ေတာင္ လက္တင္ အေမရိက ေခါင္းေဆာင္ေတြက ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ဖိအားေတြေပးရမွာ ျဖစ္ပါတယ္။ မဟုတ္ရင္ေတာ့ ဗင္နီဇြဲလားဟာ အေျခအေန ဆက္ဆိုးႏိုင္ၿပီး ျပည္သူေတြ ဆက္လက္ ဒုကၡေရာက္မွာ ျဖစ္ပါတယ္။

၂၀၁၉ မွာ ေစာင့္ၾကည့္ရမယ့္ ပဋိပကၡ ၁၀ ခု (၁) ဖတ္႐ႈရန္

>>>>>>>>>>>>>>>>>>>>>>>>>>

 

နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ ဥက္ကဋ္ဌ ရောဘတ် မော်လီ စာရင်းပြုစုထားတဲ့ ၂၀၁၉ ခုနှစ်မှာ စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခု ဖြစ်ပါတယ်။ အဲဒါတွေကတော့ ယီမင်၊ အာဖဂန်နစ္စတန်၊ အမေရိကန်-တရုတ် တင်းမာမှု၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ အစ္စရေးနဲ့ အီရန်၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်၊ ကင်မရွန်း၊ ယူကရိန်းနဲ့ ဗင်နီဇွဲလားတို့ ဖြစ်ပါတယ်။

၆။ နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားဟာ လာမယ့် ဖေဖော်ဝါရီလမှာ သမ္မတနဲ့ ဖက်ဒရယ် လွှတ်တော်အမတ် ရွေးကောက်ပွဲရှိပြီး မတ်လမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ် လွှတ်တော်အမတ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ နိုင်ဂျီးရီးယား ရွေးကောက်ပွဲတွေဟာ ပဋိပက္ခဖြစ်လေ့ရှိပြီး လာမယ့် ရွေးကောက်ပွဲတွေကလည်း အလွန် အကဲဆတ်နိုင်ပါတယ်။
သမ္မတ မူဟာမာဒူ ဘူဟာရီနဲ့ သူ့ရဲ့ အဓိကပြိုင်ဘက် ဒုသမ္မတဟောင်း အာတီကူ အဘူဘာကာတို့ အကြီးအကျယ် ယှဉ်ပြိုင်ကြဖို့ ရှိပါတယ်။ ဘူဟာရီရဲ့ အာဏာရပါတီ All Progressives Congress ပါတီနဲ့ ဘူဟာရီ မတိုင်ခင် ၁၆ နှစ်ကြာ အာဏာရခဲ့ဖူးတဲ့ အဘူဘာကာရဲ့ People’s Democratic ပါတီတို့ ဆက်ဆံရေးဟာလည်း ခါးသီးနေပါတယ်။ ဘူဟာရီရဲ့ အစိုးရက ရွေးကောက်ပွဲ ကော်မရှင်အတွက် ဘတ်ဂျက် ချပေးဖို့နဲ့ လုံခြုံရေးကိစ္စတွေကို အချိန်ဆွဲနေပါတယ်။ အတိုက်အခံ ပါတီကလည်း ကော်မရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ယုံကြည်မှု မရှိပါဘူး။
၂၀၁၁ ခုနှစ်တုန်းက မဲပေးစဉ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ လူ ၈၀ဝ လောက် သေဆုံးခဲ့ပတယ်။ နိုင်ဂျီးရီးယားမှာ ရာဇဝတ်မှုတွေ များပြားပြီး အထွေထွေ လုံခြုံရေးကလည်း အားနည်းနေပါတယ်။
အရှေ့မြောက်ပိုင်းမှာ အစိုးရနဲ့ အစ္စလာမ် ဘိုကိုဟာရမ် သူပုန်တွေအကြား တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ကြားညပ်နေပါတယ်။ နိုင်ဂျီးရီးယား အလယ်ပိုင်းမှာ မွတ်စလင်နဲ့ ခရစ်ယာန်တွေကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅၀ဝ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရေနံကြွယ်ဝတဲ့ နိုင်ဂျာ မြစ်ဝှမ်းမှာ ဖက်ဒရယ်အစိုးရနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ ရှိနေပါတယ်။
နိုင်ဂျီးရီးယား အစိုးရက လုံခြုံရေး လိုအပ်တဲ့ ပြည်နယ်တွေမှာ လုံခြုံရေး တင်းကျပ်တာ၊ မဲဆွယ်မှုတွေ ငြိမ်းချမ်းအောင် ပါတီတွေကို တိုက်တွန်းတာ၊ အငြင်းပွားမှုတွေကို ဥပဒေနဲ့ ဖြေရှင်းတာတွေ စတင် လုပ်ဆောင်သင့်ပါတယ်။

၇။ တောင်ဆူဒန်

လွန်ခဲ့တဲ့ ငါးနှစ်က စခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် တောင်ဆူဒန်မှာ လူပေါင်း ၄ သိန်းလောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က စက်တင်ဘာလမှာ သမ္မတ ဆယ်လ်ဗာ ကီယာနဲ့ ပြိုင်ဘက်ဖြစ်တဲ့ သူပုန်ခေါင်းဆောင် တဖြစ်လဲ ဒုတိယ သမ္မတဟောင်း ရီအက် မာချာတို့ အပစ်ရပ်ဖို့နဲ့ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအထိ ပူးတွဲအုပ်ချုပ်ကြဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးထားပါတယ်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လတုန်းက အလားတူ စာချုပ်မျိုး လက်မှတ်ရေးထိုးခဲ့ပေမယ့် ပျက်ပြယ်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးလို့ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ တောင်ဆူဒန်မြို့တော် ဂျူဘာရဲ့ လုံခြုံရေးကလည်း ခက်ခဲနေဆဲဖြစ်ပြီး စစ်တပ်တွင်း စည်းလုံးမှုလည်း လိုနေပါတယ်။
အိမ်နီးချင်း ဆူဒန်နိုင်ငံမှာ သမ္မတ ဘာရှားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုန်ဈေးနှုန်းတက်မှုကြောင့် မြို့တွေမှာ ဆန္ဒပြမှုတွေခံရပြီး သမ္မတ ဆင်းပေးဖို့ တောင်းဆိုတာ ခံရပါတယ်။ ဆူဒန်နိုင်ငံ မငြိမ်သက်မှုဟာ တောင်ဆူဒန်ကိုလည်း မတည်ငြိမ်မှု ဖြစ်စေပါတယ်။
ရန်ပုံငွေပေးမယ့် နိုင်ငံတကာ အလှူရှင်တွေကလည်း ကီယာနဲ့ မာချာတို့ရဲ့ အခြေအနေကို အကဲခတ်နေပါတယ်။ သူတို့ သဘောတူညီချက် ပျက်ပြားရင် ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ နိုင်ငံရဲ့ အခြေအနေ ဆိုးရွားပြီး သွေးစွန်းမှုတွေ ထပ်ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက သဘောတူညီချက် မပျက်ပြားအောင် နှစ်ဘက်ခေါင်းဆောင်တွေကို ထိန်းကြောင်းပေးနိုင်ပါတယ်။

၈။ ကင်မရွန်း

ပြဿနာတွေများတဲ့ ဒေသမှာ တည်ငြိမ်တဲ့နိုင်ငံလို့ ယူဆခဲ့တဲ့ ကင်မရွန်းနိုင်ငံမှာ အင်္ဂလိပ်စကားပြော ဒေသတွေအတွင်း ပြည်တွင်းစစ်ဖြစ်မယ့် အလားအလာတွေ ရှိနေပါတယ်။
အဲဒီအလားအလာတွေဟာ ၂၀၁၆ ခုနှစ်ကစပြီး တဖြည်းဖြည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ ဥပဒေကိစ္စတွေမှာ ပြင်သစ်ဘာသာစကား တိုးချဲ့နေမှုကို အင်္ဂလိပ်စကားပြော ကျောင်းဆရာတွေနဲ့ ရှေ့နေတွေက လမ်းပေါ်ထွက် ဆန္ဒပြရာက စတင်ခဲ့တာပါ။ ကင်မရွန်းနိုင်ငံရှိ အင်္ဂလိပ်စကားပြောတဲ့ လူနည်းစုကို ခွဲခြားဆက်ဆံမှုအဖြစ် ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါတယ်။ ကင်မရွန်းမှာ အင်္ဂလိပ်စကားပြောသူက လူဦးရေရဲ့ ငါးပုံ တစ်ပုံရှိပါတယ်။
အစိုးရက ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှု မလုပ်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းကာ တက်ကြွလှုပ်ရှားသူတွေကိုလည်း ထောင်ချခဲ့ပါတယ်။ အစိုးရရဲ့ တုံ့ပြန်မှုကို အင်္ဂလိပ်စကားပြော ပြည်သူတွေက ဒေါသထွက်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုရာကနေ လက်နက်ကိုင် ခွဲထွက်ရေး အုပ်စုတွေ ဖြစ်လာပြီး ၂၀၁၇ ခုနှစ်မှာ တိုက်ခိုက်မှုတွေအထိ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာ ခွဲထွက်ရေး ၁၀ ဖွဲ့နီးပါးအထိ ရှိနေပြီး အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေပါတယ်။ ပြည်ပရှိ အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ အမ်ဘာဇိုနီးယား စင်ပြိုင်အစိုးရနဲ့ အမ်ဘာဇိုနီးယား အုပ်ချုပ်ရေး ကောင်စီတို့ကလည်း ထောက်ခံအားပေးနေပါတယ်။ အင်္ဂလိပ်စကားပြော ဒေသတွေရှိ ရာဝဇတ်ဂိုဏ်းတွေကလည်း ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူကာ သူတို့လှုပ်ရှားမှုတွေကို တိုးချဲ့နေကြပါတယ်။
တိုက်ခိုက်မှုတွေကြောင့် စစ်သား၊ စစ်ပုလိပ်နဲ့ ရဲအရာရှိ ၂၀ဝ သေဆုံးခဲ့ပြီး ၃၀ဝ ခန့် ဒဏ်ရာရခဲ့ပါတယ်။ ခွဲထွက်ရေးသမား ၆၀ဝ ကျော် သေဆုံးခဲ့ပါတယ်။ အရပ်သား ၅၀ဝ ခန့်လည်း သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ အင်္ဂလိပ်စကားပြောဒေသက လာတဲ့ ဒုက္ခသည် ၃ သောင်းရှိပြီး ကင်မရွန်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအခြေချရသူ ၄၃၇၀ဝ၀ ရှိပါတယ်။
အခြေအနေကို ဖြေရှင်းနိုင်ဖို့ ယုံကြည်မှု တည်ဆောက်ရေး လိုအပ်ပါတယ်။ အစိုးရက ခွဲထွက်ရေး ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသင့်ပါတယ်။ အပစ်ရပ်ရေးနဲ့ အင်္ဂလိပ်စကားပြောသူများရဲ့ ညီလာခံကို ကျင်းပပေးပြီး ညှိနှိုင်းရေးအတွက် သူတို့ရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်စေသင့်ပါတယ်။ ဒါမှသာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖက်ဒရယ်စနစ် သွားဖို့ဆိုတာတွေ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မှာပါ။
မနှစ်က ဒီဇင်ဘာလမှာ အင်္ဂလိပ်စကားပြောဒေသက လူတွေ၊ ခွဲထွက်ရေးခေါင်းတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၈၉ ဦးကို လွှတ်ပေးခဲ့ပေမယ့် ထောင်ထဲမှာ ရာနဲ့ချီပြီး ကျန်ရှိနေပါတယ်။ အဲဒီလို လွှတ်ပေးတာဟာ စေတနာရင်းနဲ့လား ခွဲထွက်ရေးသမားတွေကို ဆွေးနွေးလာစေဖို့ ဆွဲဆောင်တာလား ဆိုတာတော့ သေချာ မသိနိုင်ပါဘူး။

၉။ ယူကရိန်း

ယူကရိန်းမှာ စစ်ပွဲတွေက ဆက်ဖြစ်မယ့်သဘော ရှိပါတယ်။ ဒွန်ဘတ်စ်ဒေသမှာ ခွဲထွက်ရေးသမားတွေကို ရုရှားက ထောက်ပံ့အားပေးနေပါတယ်။ အဲဒီအခြေအနေက ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုကို မီးထိုးပေးသလို ဖြစ်နေပါတယ်။
နောက်ဆုံး ဖြစ်သွားတဲ့ ပြဿနာကတော့ မနှစ်က နိုဝင်ဘာလမှာ အာဇော့ဗ် ပင်လယ်အတွင်း ရုရှားနဲ့ ယူကရိန်း ရေတပ်တို့ ထိပ်တိုက်တွေ့ခဲ့ပြီး ရုရှားက ကီရတ် ရေလက်ကြားကို ပိတ်ဆို့လိုက်ပါတယ်။ ရုရှားက ယူကရိန်း စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပြီး စစ်သား နှစ်ဒါဇင်လောက်ကိုလည်း ဖမ်းဆီးခဲ့လို့ တင်းမာမူတွေ မြင့်တက်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေက ယူကရိန်းဘက်က ရပ်တည်ကြပါတယ်။
ဒွန်ဘတ်စ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေလည်း ထိခိုက်မှု ရှိနေပေမယ့် ယူကရိန်းဘက်ကရော ရုရှားဘက်ကပါ တိုက်ပွဲတွေ အဆုံးသတ်ရေး နည်းလမ်းရှာဖွေခြင်း မရှိပါဘူး။ ယူကရိန်းမှာ လာမယ့် မတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေပါတယ်။

၁၀။ ဗင်နီဇွဲလား

ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ဒေသတွင်း အကျပ်အတည်းကို ဖြစ်စေနိုင်လို့ လက်တင် အမေရိက နိုင်ငံတွေက စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားရဲ့ စီးပွားရေးဟာ မြန်မြန်ထိုးကျနေပြီး လူမှုအသိုင်းအဝိုင်းကို သက်ရောက်မှုတွေ ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ အာဟာရ မပြည့်မှုတွေလည်း ရှိနေပါတယ်။ ဗင်နီဇွဲလားမှာ အမြစ်ပြတ်သွားပြီဖြစ်တဲ့ ဆုံဆို့နာ ရောဂါလို ရောဂါမျိုးတွေလည်း တကျော့ပြန် ဖြစ်ပွားနေပါတယ်။
ဗင်နီဇွဲလား လူဦးရေ ၃၁ သန်းအနက် ၃ သန်းလောက်က ကိုလံဘီယာနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။ နိုင်ငံက ထွက်ပြေးတဲ့ ဗင်နီဇွဲလားနိုင်ငံသား အရေအတွက်ဟာ ၂၀၁၉ နှစ်ကုန်မှာ ၅ ဒသမ ၃ သန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
သမ္မတ နီကိုလပ် မာဒူရိုက စီးပွားရေးကို အလွန် ဆိုးရွားလွဲမှားစွာ စီမံခန့်ခွဲနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုလည်း ငြင်းဆန်နေပါတယ်။ ပြည်တွင်းအတိုက်အခံတွေနဲ့ နိုင်ငံတကာက အသိအမှတ် မပြုပေမယ့် မာဒူရိုဟာ အခု ဒုတိယသက်တမ်း ဆက်လက် တာဝန်ယူနေပါတယ်။
အတိုက်အခံတွေကလည်း အားပျော့နေပြီး ပြည်ပြေးအဖွဲ့တွေကလည်း မာဒူရိုကို အင်အားသုံး ဖြုတ်ချဖို့ နိုင်ငံခြားတိုင်းပြည်တွေကို တိုက်တွန်းနေပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကလည်း ဗင်နီးဇွဲလားက ထွက်ပြေးလာသူတွေကို နေရာချထားဖို့ အခက်အခဲတွေ ကြုံနေပါတယ်။ အမေရိက နိုင်ငံများအသင်း အထွေထွေ အတွင်းရေးမှူး လူးဝစ် အယ်လ်မာဂရိုက စစ်ရေးအရ စွက်ဖက်မှု အပါအဝင် ဘယ်နည်းလမ်းကို မဆို မချန်ခဲ့သင့်ဘူးလို့ အရိပ်အယောင် ပြောထားပါတယ်။ သမ္မတ ထရမ့်ကလည်း အလားတူ ပြောခဲ့ဖူးပါတယ်။
ကိုလံဘီယာ သမ္မတ အီဗန် ဒူကက်ကတော့ ပြင်ပက စစ်ရေးစွက်ဖက်မှုဟာ အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ ဥရောပက မာဒူရိုရဲ့ အတွင်းစည်းက လူတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်နေပါတယ်။ အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ ပီရူးအပါဝင် တချို့နိုင်ငံတွေက ဗင်နီဇွဲလားကို သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ အကြံပြုပေမယ့် အထီးကျန်သွားတဲ့ ဗင်နီဇွဲလားမှာ အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။
စစ်ရေးအရ စွက်ဖက်မှု မလုပ်လိုဘူးဆိုရင် ငြိမ်းချမ်းစွာ ကူးပြောင်းရေး ဖြစ်အောင် လုပ်သင့်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ အစိုးရနဲ့ အတိုက်အခံတွေ ဆွေးနွေးညှိနှိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။ မာဒူရိုက စိတ်မဝင်စားရင်တောင် လက်တင် အမေရိက ခေါင်းဆောင်တွေက ပိတ်ဆို့အရေးယူမှုတွေနဲ့ ဖိအားတွေပေးရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဗင်နီဇွဲလားဟာ အခြေအနေ ဆက်ဆိုးနိုင်ပြီး ပြည်သူတွေ ဆက်လက် ဒုက္ခရောက်မှာ ဖြစ်ပါတယ်။

၂၀၁၉ မှာ စောင့်ကြည့်ရမယ့် ပဋိပက္ခ ၁၀ ခု (၁) ဖတ်ရှုရန်