၂၀၁၉ ခုနှစ်တွင်း H1N1 ရာသီတုပ်ကွေးနဲ့ သေဆုံးသူ ခြောက်ဦးရှိ

0
114




၂၀၁၉ ခုနှစ်အတွင်း H1N1 ရာသီတုပ်ကွေးနဲ့ သေဆုံးသူ ခြောက်ဦးရှိ


၂၀၁၉ ခုနှစ် ဇန်နဝါရလကနေ ဇွန်လ ၂၀ ရက်နေ့အထိ H1N1 ရာသီတုပ်ကွေးပိုး တွေ့ရှိသူ ၁၆ ဦးရှိပြီး သေဆုံးသူကတော့ ခြောက်ဦးရှိပါတယ်။


H1N1 ရာသီတုပ်ကွေးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ငါးဦးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်ဦး၊ စုစုပေါင်း ခြောက်ဦး သေဆုံးတယ်လို့ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက သတင်းထုတ်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦး ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။