
0
54




၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နေ


၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက် နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် က ပြောပါတယ်။


ဇူလိုင်လ ၁၁ ရက်နေ့က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။


အခြေခံမဲဆန္ဒရှင် စာရင်းရရှိနိုင်ဖို့ ပထမအဆင့်အနေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်စု အတွင်းရှိ အမှန်တကယ် နေထိုင်နေတဲ့ လူဦးရေစာရင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကောက်ယူပြုစုနေပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက အခြေခံမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုသွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။