၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမယ္

0
601

၂၀၁၈ ခုႏွစ္အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာ ၃ ရက္ေန႔ (စေနေန႔) မွာ လစ္လပ္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေနရာေတြအတြက္ ၿမိဳ႕နယ္ ၁၃ ၿမိဳ႕နယ္မွာ က်င္းပသြားမွာ ျဖစ္တယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေမလ ၈ ရက္ေန႔ ညပိုင္းမွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

လစ္လပ္ေနတဲ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာေတြအတြက္ ကန္ပက္လက္ၿမိဳ႕နယ္၊ လဲခ်ားၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ ျမင္းၿခံၿမိဳ႕နယ္ စတဲ့ မဲဆႏၵနယ္ေျမေတြမွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။ လစ္လပ္ေနတဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာအတြက္ ကခ်င္ျပည္နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) ျဖစ္တဲ့ ျမစ္ႀကီးနားၿမိဳ႕မွာ ျပဳလုပ္မွာ ျဖစ္ပါတယ္။

က်န္ရွိတဲ့ လစ္လပ္မဲဆႏၵနယ္ေတြျဖစ္တဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာေတြအတြက္ မတူပီၿမိဳ႕နယ္၊ တမူးၿမိဳ႕နယ္၊ အုတ္တြင္းၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မင္းဘူးၿမိဳ႕နယ္၊ ဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ မႏၱေလးတိုင္းေဒသႀကီးတစ္ခုလံုးမွာ က်င္းပသြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ်

၂၀၁၈ ခုနှစ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ (စနေနေ့) မှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေရာတွေအတွက် မြို့နယ် ၁၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာတွေအတွက် ကန်ပက်လက်မြို့နယ်၊ လဲချားမြို့နယ်၊ တာမွေမြို့နယ်၊ မြင်းခြံမြို့နယ် စတဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ လစ်လပ်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ လစ်လပ်မဲဆန္ဒနယ်တွေဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာတွေအတွက် မတူပီမြို့နယ်၊ တမူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။