၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်၊ ဗုဒ္ဓဟူးနေ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်

0
288


မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၈ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်၊ ဗုဒ္ဓဟူးနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

၁။ တပ်မတော်သားတွေနဲ့ မိသားစုတွေ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှု မရှိသူကို ရွေးချယ် ဆန္ဒမဲပေးကြဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
၂။ ပြည်ပရောက် ကြိုတင်မဲလက်မှတ် မှားယွင်းမှု၊ လွဲမှားမှုတွေနဲ့ လိုအပ်မှုတွေ ဘယ်နေရာမှာ ဖြစ်ပေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။
၃။ ရုရှားနိုင်ငံအနေနဲ့ ဆီးရီးယားရဲ့ နယ်နိမိတ်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောကြားလိုက်ပါတယ်။စတဲ့ သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။