၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ ထိန်းသိမ်းခံအမျိုးသမီးကို အိန္ဒိယ တရားရုံးက အာမခံပေး

0
311

၁၆ နှစ်နီးပါး အစာမစားဘဲ တာဝန်ရှိသူတွေက မသေအောင် အစာကိုပိုက်နဲ့ထည့်သွင်းပေးနေရတဲ့ နိုင်ငံရေး လှုပ်ရှားသူအမျိုးသမီးကို အိန္ဒိယတရားရုံးက သြဂုတ် ၁၀ ရက်နေ့မှာ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ ထိန်းသိမ်းခံအမျိုးသမီးက အစာငတ်ခံဆန္ဒပြတာကို ရပ်တော့မယ်လို့ တရားသူကြီးကို ပြောပြီးတဲ့နောက်မှာ အာမခံရသွားတာပဲ ဖြစ်ပါတယ်။

57a9b123debe7_20160809001279055789_original_1280x720-1bqjc93

အာရွမ်ရှာမီလာလို့ခေါ်တဲ့ ဒီအမျိုးသမီးကို ဆေးရုံမှာ ထိန်းသိမ်းထားတာ နှစ်နဲ့ချီနေပါပြီ။ တရားသူကြီးက ဆုံးဖြတ်ချက်ချပြီးနောက်မှာ သူ့ကို ရဲတွေက တွဲပြီး ဆေးရုံကို ပြန်ခေါ်သွားခဲ့ပါတယ်။ ရှာမီလာရဲ့အနီးကပ် တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဘာဘလူးလွိုင်တူဘမ်ကတော့ ရှာမီလာဟာ ၁၀ ရက်နေ့ ညပိုင်းလောက်မှာ လွတ်လာလိမ့်မယ်ထင်တယ်လို့ ဆိုပါတယ်။

ရှာမီလာဟာ မဏိပူရ ပြည်နယ်မှာ နေထိုင်ပြီး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်မှာ ပဋိပက္ခဖြစ်နေတဲ့နယ်မြေတွေမှာ လူ့အခွင့်အရေးကာ ကွယ်မှုကို ဆိုင်းငံ့တဲ့ဥပဒေတစ်ရပ်ကို စတင်ကန့်ကွက်ချိန်ကတည်းက အစာငတ်ခံဆန္ဒပြခဲ့တာပါ။ အိန္ဒိယအရှေ့မြောက်ပိုင်းဟာ မဏိပူရ ပြည်နယ်ဟာ ခွဲထွက်ရေး မျိုးနွယ်စု စစ်သွေးတွေက ထသောင်းကျန်းလိုက် အစိုးရက ခပ်ကြမ်းကြမ်းဝင်နှိမ်နှင်းလိုက် ဖြစ်လေ့ရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ရှာမီလာဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားမှုနဲ့လည်း အရေးယူခံထားရပါတယ်။ ရှာမီလာ အစာလုံးဝမစားတဲ့အတွက် အာဏာပိုင် တွေက နှာခေါင်းထဲကပိုက်ထည့်ပြီး အတင်းအကျပ် အစာကျွေးဖို့ ဝန်ထမ်းတွေကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အင်မတန်ပြင်းထန် တဲ့ လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာအက်ဥပဒေကို ရုတ်သိမ်းမယ့်အရိပ်အယောင်တွေ တွေ့စပြုလာတာကြောင့် ရှာမီလာက အစာငတ် ခံတာကို ရပ်ပြီး ပြည်နယ်ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ကြေညာခဲ့ပါတယ်။

ရှာမီလာဟာ မဏိပူရမှာ ပြည်သူ့စစ်တွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ရက်ပိုင်းအတွင်းက စလို့ အစာငတ်ခံဆန္ဒပြခဲ့တာ ၁၆ နှစ် လောက်ကြာတဲ့အချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ သူ့ကိုထောက်ခံသူတွေ အများအပြား ရှိနေပါပြီ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကတော့ ရှာမီလာရဲ့ အစာငတ်ခံဆန္ဒပြခြင်းဟာ “လူ့အခွင့်အရေးအပေါ် သူမရဲ့ ချစ်မြတ်နိုးမှုကို ဖော်ပြတဲ့ မှတ်ကျောက်တစ်ခုပဲ”လို့ ဆိုပါ တယ်။

Ref: AP