ဝမ်းဗိုက် အဆီပိုတွေ မရှိအောင် လှပနေဖို့ အစားအစာ ၁၃ မျိုး

0
1930

d48ddf5387aab34a78d8c8ad6e4caf080df0

ဒီကနေ့ခေတ်မှာ အ၀လွန်လာတဲ့ မိန်းမပျိုလေးတွေအတွက် လေ့ကျင့်ခန်းတကူးတကလုပ်စရာမလိုဘဲ အစားအသောက်မပျက် ဗိုက်ချပ်စေမယ့် အစားအစာတွေကို မိတ်ဆက်ပေးလိုက်ရပါတယ်။

အစိမ်းရောင် အသီးအရွက်

အစိမ်းရောင်အသီးအရွက်တွေ ဖြစ်တဲ့ ပန်းကော်ဖီ စိမ်း၊ ကိုက်လန် အရွက်နဲ့ ပဲသီးတွေ စားပေးခြင်းက သင့် ၀မ်းဗိုက်အဆီတွေကို လျော့ကျစေနိုင်ပါတယ်။ အဲ့ဒီအစိမ်းရောင် အသီးအရွက်တွေက အချိုဓာတ်ပါဝင်မှုနည်းပါးတာကြောင့် ၀မ်းဗိုက်အဆီကျလိုသူတွေ အနေနဲ့ စားသုံးသင့်တာပါ။

နှမ်းဆီ

အဆီဓာတ်လုံလုံလောက်လောက် ပါဝင်တဲ့ “ ကောင်းမွန် သန့်စင်တဲ့ ဆီ”တွေကို စားသုံးခြင်းက သင်စိတ်ညစ်နေတဲ့ ဗိုက်ပူတာကို လျှော့ချပေးနိုင်သလို ၀မ်းဗိုက် ပြားချပ်လှပနေအောင် ထိန်းပေးနိုင်ပါတယ်။ အထူးသဖြင့် Omega 3 ဓာတ်ပါဝင်တဲ့ ထောပတ်သီး၊ နှမ်းဆီ ၊သံလွင်ဆီနဲ့ မြေပဲဆီတွေကို စားသုံးပေးသင့်ပါတယ်။

ငါး

ပရိုတင်းဓာတ်ပါဝင်တဲ့ ငါးတွေကို စားသုံးပေးခြင်းက သင့်ဗိုက်ကို ပူစေနိုင်တဲ့ကစီဓာတ် (carbohydrates) ကို ချေဖျက်ပေးနိုင်ပါတယ်။ပရိုတင်းဓာတ်ပြည့်ဝတဲ့ ငါး၊ အသီးအနှံကို စားသုံးပေးတာက သင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အချိုဓာတ်ကို ထိန်းပေးသလို စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးပါတယ်။

သစ်ကြမ်းပိုးခေါက်

သင့်ဝမ်းဗိုက် ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယား ပိုးတွေကို ကာကွယ်ဖို့အတွက်ဆိုရင် အချိုဓာတ်ကို လျှော့ချရာမှာ သစ်ကြမ်းပိုးခေါက်ဟာလည်း သင့်တော်တဲ့အစာတစ်ခုဖြစ်ပါတယ်။ သင်ကော်ဖီ သောက်တဲ့ အခါ ဒါမှမဟုတ် ဆန်ပြုတ် သောက်တဲ့အခါမှာပဲ ဖြစ်ဖြစ် သစ်ကြမ်းပိုးခေါက် အမှုန့်ထည့် သောက်ခြင်းကလည်း အစာချေမှုအားကောင်းတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်မှာရှိတဲ့ အချိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

ကြက်ဥ

ကြက်ဥ စားပေးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသားဓာတ်တိုးစေနိုင်တဲ့ အမီနိုအက်စစ် ပါဝင်တာကြောင့်စားသုံးပေးသင့်ပါတယ်။ကြက်ဥကို စားပေးခြင်းက သင့်အလေးချိန်ကိုလျော့ချ ပေးနိုင်သလို သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

နံနံပင်

နံနံပင် စားသောက်ပေးခြင်းက သင့်ဗိုက်ပူတာကို လျှော့ချဖို့ အသုံးဝင်လှပါတယ်။ နံနံပင်ကိုစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ သစ်ကြားသီးများ သစ်ကြားသီးတွေကို စားသုံးပေးခြင်းအားဖြင့် သင့်ဝမ်းဗိုက်အဆီတွေကို လျှော့ချအောင် ချေဖျက်နိုင်ပါတယ်။

ပရိုဘိုင်အောတစ် ဓာတ်ပါဝင်တဲ့ အစားအစာကို စားသုံးခြင်း

ပရိုဘိုင်အောတစ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းအားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ ရှိတဲ့ ဘက်တီးရီးယား တွေကို ထိန်းချုပ်ပေးပြီး ဗိုက်ဘူးတာကို လျှော့ချပေးနိုင်ပါတယ်။အထူးသဖြင့် ဒိန်ချဉ် နဲ့ ဗူးထဲထည့်စိမ်ထားတဲ့ ကင်ချီ အစရှိတာတွေကို စားသုံးသင့်ပါတယ်။

ဆေးဖက်ဝင်တဲ့ အပင်စားသုံးခြင်း

ဆေးဖက်ဝင်တဲ့ ပင်တွေဖြစ်တဲ့ ဂျင်း ၊ ပူစီနံပင်တွေကို စားသုံးပေးခြင်းက သင့်အစာချေဖျက်တဲ့ လမ်းကြောင်းအတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။ဆေးဖက်ဝင်တဲ့ အပင်တွေက သင့်အစာချေဖျက်အားကို ကောင်းစေရုံသာမက သင့်ဝမ်းဗိုက်ပူတာကိုလည်း လျေှာ့ချအောင် လုပ်နိုင်ပါတယ်။

ကညွတ်

ကညွတ်ကိုစားသုံးပေးခြင်းက သင့်ဝမ်းဗိုက်ပူတာကို ထိန်းပေးနိုင်တဲ့ အကောင်းဆုံး အစားအစာ တစ်ခုဖြစ်ပါတယ် ။ခန္ဒာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းနိုင်သလို ကရိုးလင်းဓာတ်ကိုလည်း လျှော့ချပေးပါတယ်။

စမှုန်စနက်ပင်

စမှုန်စနက်ပင်ကို အူလမ်းကြောင်းကို ဆေးဝါးကုသတဲ့အနေနဲ့ တရုတ်၊ အိန္ဒိယ၊ ဂရိနိုင်ငံတွေမှာ အသုံးပြုကြပါတယ်။ စမှုန်စနက်ပင်ကရတဲ့ သေးငယ်တဲ့ အစေ့လေးတွေက အစာချေဖျက်မှုနဲ့ သင့်ကြွက်သားတွေအတွက် အင်မတန် အသုံးဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။

ဂျုံစပါး

ဂျုံစပါးကို စားသုံးပေးခြင်းအားဖြင့် ကျန်းမားရေးအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် ကယ်ရိုလင်း ဓာတ် တွေကို ဖြည့်ဆည်းပေးပါတယ်။အဟာရကြွယ်ဝစေတဲ့အပြင် ဘယ်လောက်ပဲစားစား သင်ဗိုက်ပူမှာ မဟုတ်တဲ့အတွက် စိုးရိမ်စရာ မလိုပါဘူး။

ရှောက်သီး

ရှောက်သီးဟာ ဗီတာမင် စီကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အလေးချိန်လျှော့ချဖို့အတွက် အကျိုးရှိတဲ့ အသီးတစ်မျိုးပါ။ ရှောက်သီးကို တစ်ခြမ်း ခြမ်းပြီး မနက်ခင်းတိုင် ရေနွေးပူပူထဲ ညစ်ထည့်ပြီးသောက်ပေးခြင်းဖြင့် အလွယ်တကူ သင့်ဝမ်းဗိုက် ပူတာတွေ လျှော့ကျသွားမှာ ဖြစ်ပါတယ်။

 

အဘူးရာ