၀န္ႀကီးပြန္ပီအိုရဲ႕မွတ္ခ်က္က ေတြ႕ဆံုေဆြးေႏြးဖို႔ အခက္အခဲျဖစ္လာႏိုင္တယ္လို႔ ေျမာက္ကိုရီးယား ဆို

0
43

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ပြန္ပီအိုရဲ႕ေျပာဆိုခ်က္ေတြ က အေမရိကန္ နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံအၾကား ေဆြးေႏြးပြဲေတြကို အခက္အခဲေတြျဖစ္လာႏိုင္တယ္လို႔ ေျမာက္ကိုရီးယား အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။ 

ေျမာက္ကိုရီးယားရဲ႕ ဒံုးက်ည္ စမ္းသပ္ျပတဲ့ အျပဳအမႈေတြ ဟာ ဆိုးရြားၿပီး လက္မခံႏိုင္ဘူးလို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုသြားပါတယ္။ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ ျပဳလုပ္တဲ့ ပူးတြဲစစ္ေရးေလ႔က်င့္မႈကို သတိေပးတဲ့အေနနဲ႔ ေျမာက္ကိုရီးယား ႏိုင္ငံဟာ ႏွစ္လအတြင္း ဒံုးက်ည္ ခုႏွစ္ႀကိမ္ စမ္းသပ္ပစ္လႊတ္ထားပါတယ္။

ပြန္ပီအိုရဲ႕ ေျပာဆိုခ်က္ေတြ ဟာ လက္မခံႏိုင္ေၾကာင္း၊ အဲဒီ စြပ္စြဲခ်က္ေတြက ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ရန္လိုေၾကာင္း ျပသတာျဖစ္တယ္လို႔  ေျမာက္ကိုရီးယား ႏိုင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ ႏိုင္ငံျခားေရး၀န္ႀကီး ခ်ိဳဆြန္ဟီ က ဆိုပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြရွိမယ္ဆိုရင္ အေမရိကန္ နဲ႔ေဆြးေႏြးပြဲေတြလည္း ျဖစ္လာႏိုင္ဖို႔ အလားလာနည္းတယ္လို႔ ဒုတိယ ႏိုင္ငံျခားေရး၀န္ႀကီး ခ်ိဳဆြန္ဟီ က ေျပာပါတယ္။

၀န်ကြီးပွန်ပီအိုရဲ့မှတ်ချက်က တွေ့ဆုံဆွေးနွေးဖို့ အခက်အခဲဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုရဲ့ပြောဆိုချက်တွေ က အမေရိကန် နဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ဆွေးနွေးပွဲတွေကို အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပြတဲ့ အပြုအမှုတွေ ဟာ ဆိုးရွားပြီး လက်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုသွားပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သတိပေးတဲ့အနေနဲ့ မြောက်ကိုရီးယား နိုင်ငံဟာ နှစ်လအတွင်း ဒုံးကျည် ခုနှစ်ကြိမ် စမ်းသပ်ပစ်လွှတ်ထားပါတယ်။

ပွန်ပီအိုရဲ့ ပြောဆိုချက်တွေ ဟာ လက်မခံနိုင်ကြောင်း၊ အဲဒီ စွပ်စွဲချက်တွေက မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုကြောင်း ပြသတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီ က ဆိုပါတယ်။မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေရှိမယ်ဆိုရင် အမေရိကန် နဲ့ဆွေးနွေးပွဲတွေလည်း ဖြစ်လာနိုင်ဖို့ အလားလာနည်းတယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီ က ပြောပါတယ်။