ြ့ပည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခုနဲ့ နေပြည်တော်မှာ ဒေသအလိုက် မိုးရွာမယ်

0
251

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၃၀) နာရီအချိန် တိုင်းထွာချက်များအရ မနေ့က တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်း “ရိုင်” (RAI)အဖြစ်သို့ရောက်ရှိခဲ့တာကြောင့် ဗီယမ်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို ဖြတ် ကျော်လျက်ရှိပြီး အနောက်- အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားလာနေပါတယ်။

bbb
(ဓာတ်ပုံ – မိုး/ဇလ)

ဒီကနေ့ ညနေထိခန့်မှန်းချက်အနေနဲ့ မြန်မာနိုင်ငံထဲက၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ လှိုင်းအသင့်အတင့် ရှိနေပါတယ်။