မြန်မာ ဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်း မြင့်တက်နေ

0
186

ထိုင်းမှာ အကြီးဆုံး မြန်မာ ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနဲ့ သတ်သေဖို့ ကြိုးပမ်းမှု မြင့်တက်နေပါတယ်။

ရွှေ့ပြောင်းအခြေချမှု ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) က ဒီလို ဖြစ်ပေါ်နေတာတွေကို အရေးပေါ် ဖြေရှင်းဖို့ မနေ့က ဇွန်လ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။

မယ်လ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒုက္ခသည်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၂၈ မှုနဲ့ သတ်သေဖို့ ကြိုးပမ်းမှု ၆၆ မှု ဖြစ်ခဲ့ပြီး နိုင်ငံတကာ စံနှုန်းနဲ့ တိုင်းတာရင် ၃ ဆ ပိုများနေတယ်လို့ IOM က ကမ္ဘာ့ဒုက္ခသည်များနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မယ်လ ဒုက္ခသည်စခန်းကို ၁၉၈၄ ခုနှစ်မှာ စတင်တည်ထောင်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေး ရွှေ့ပြောင်းလာသူ ၅ သောင်း ရှိပါတယ်။

လွတ်လပ်စွာ သွားလာခွင့် မရှိတာ၊ အနာဂတ် မရေရာတာ၊ စီးပွားရေးအရ ရပ်တည်ဖို့ ခဲယဉ်းတာ၊ ပညာရေး အခွင့်အလမ်း နည်းပါးတာတွေကြောင့် ခုလို သတ်သေမှုတွေ ဖြစ်တာလို့ IOM ရဲ့ ပရောဂျက် အရာရှိ ဟယ်ရီ စမစ်က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပါတယ်။