ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး သစ္ေတာ စိုက္ပ်ိဳးေရး နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုး

0
49

ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံးတို႔ ပူးေပါင္းေဆာင္႐ြက္တဲ့  ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး သစ္ေတာစိုက္ပ်ိဳးေရး နားလည္မႈ စာခြၽန္လႊာ လက္မွတ္ ေရးထိုးျခင္း အခမ္းအနားကို ၾသဂုတ္လ ၂၉ ရက္ေန႔က ေနျပည္ေတာ္ရွိ  ျမန္မာ အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္း ဗဟိုဌာန – 2 မွာ က်င္းပခဲ့တာပါ။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး သစ္ေတာစိုက္ခင္းက ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဓနသိဒၶိပန္းၿခံ အမွတ္ (၁) ေျမေနရာနဲ႔  ဆက္စပ္ေနတဲ့ေျမ ၁၈ ဒသမ ၆၂ ဧကမွာ တည္ရွိၿပီး စိုက္ခင္းအတြင္း ကြၽန္း၊ မေဟာ္ဂနီ၊ သင္းဝင္၊ ပိေတာက္၊ ခေရနဲ႔ စိန္ပန္း စုစုေပါင္း ၃၃၅၃ ပင္ကို ၂၀၁၈ – ၂၀၁၉၊ ၂၀၁၉ -၂၀၂၀၊ ၂၀၂၀ – ၂၀၂၁ နဲ႔ ၂၀၂၁ – ၂၀၂၂ ဘ႑ာေရး ႏွစ္ေတြမွာ ၄ ႏွစ္ စီမံခ်က္နဲ႔ စိုက္ပ်ဳိးသြားမွာလည္း ျဖစ္ပါတယ္။

အခမ္းအနားမွာ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာ မ်ိဳးေအာင္နဲ႔  ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္တို႔က တက္ေရာက္ခဲ့ၾကပါတယ္။

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး သစ်တောစိုက်ပျိုးရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော် စည်ပင်သာယာရေး ကော်မတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး သစ်တောစိုက်ပျိုးရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို သြဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန – 2 မှာ ကျင်းပခဲ့တာပါ။


မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး သစ်တောစိုက်ခင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိပန်းခြံ အမှတ် (၁) မြေနေရာနဲ့ ဆက်စပ်နေတဲ့မြေ ၁၈ ဒသမ ၆၂ ဧကမှာ တည်ရှိပြီး စိုက်ခင်းအတွင်း ကျွန်း၊ မဟော်ဂနီ၊ သင်းဝင်၊ ပိတောက်၊ ခရေနဲ့ စိန်ပန်း စုစုပေါင်း ၃၃၅၃ ပင်ကို ၂၀၁၈ – ၂၀၁၉၊ ၂၀၁၉ -၂၀၂၀၊ ၂၀၂၀ – ၂၀၂၁ နဲ့ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေး နှစ်တွေမှာ ၄ နှစ် စီမံချက်နဲ့ စိုက်ပျိုးသွားမှာလည်း ဖြစ်ပါတယ်။


အခမ်းအနားမှာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့က တက်ရောက်ခဲ့ကြပါတယ်။