
0
79




မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ ကိုရီးယား နိုင်ငံကို ထွက်ခွာ


(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲ (17th Girl Scouts & Girl Guide International Camp Korea 2019) ကို တက်ရောက်နိုင်ဖို့ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့ဟာ ကိုရီးယားနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။


(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲကို အရှေ့ဘက် ပစိဖိတ် ပင်လယ်ကမ်းခြေရှိ ကမ္ဘာ့ကင်းထောက် ဂျမ်ဗူရီ စခန်းချပွဲ ကျင်းပခဲ့တဲ့ ဂန်ဝန်ဒို (Gangwon-Do) မှာ ကျင်းပ မှာဖြစ်ပြီး အာရှပစိဖိတ် ဒေသဆိုင်ရာ ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ကင်းထောက် အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ဝင် (၃၀ဝ) ကျော် နှင့်အတူ မြန်မာ ကင်းထောက် အမျိုးသမီးအဖွဲ့က တက်ရောက်ကြမှာ ဖြစ်ပါတယ်။


စခန်းချပွဲကို သြဂုတ် (၅)ရက်နေ့ကနေ (၉)ရက်အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ ကင်းထောက် အမျိုးသမီး တွေ တွေ့ဆုံပြီး ကင်းထောက် ပညာရပ်တွေ လေ့ကျင့် ဆွေးနွေးခြင်း၊ တောတွင်း စခန်းချ အတွေ့ အကြုံများ ဖလှယ်ခြင်းနဲ့ နိုင်ငံအလိုက် ပြခန်း ပြသမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။