
0
50




မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ မီးလောင်ကျွမ်းမှု အမြင့်မားဆုံးဖြစ်

မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ မီးလောင်ကျွမ်းမှု အမြင့်မားဆုံးဖြစ်ပြီး သစ်တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘာလုံးဆိုင်ရာ အဆင့် ၁၁ မှာ ရှိနေတယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ မီးစီမံအုပ်ချုပ်မှုဆိုင်ရာ ဘက်စုံပါဝင်တဲ့ အမျိုးသားအဆင့် မဟာဗျူဟာ လုပ်ငန်းအစီအစဉ် နည်းပညာပံ့ပိုးမှု စီမံကိန်းရဲ့ ကဏ္ဍစုံက ဆက်စပ်ပတ်သက်သူတွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


သစ်တောမီးဟာ နိုင်ငံတွင်းနဲ့ ဒေသဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အလေးအနက်ထားရမယ့် ပြသာနာတစ်ခု ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ၂၀ဝ၃ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ၁၇ ဒသမ ၇၃၂ မီလီယံ ဟက်တာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာ ခြောက်မီလီယံ ဟက်တာကျော်မှာ သစ်တောဧရိယာတွေ ဖြစ်ကြောင်း လေ့လာတွေ့ရှိထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။