ျမန္မာႏိုင္ငံရဲ႕ တရားမဝင္ မူးယစ္ေဆးဝါးျပႆနာ ေဒသတြင္း တံု႔ျပန္မႈ လိုအပ္

0
45

ျမန္မာႏိုင္ငံရဲ႕ ေဝးလံတဲ့ ေတာင္တန္းေဒသေတြနဲ႔ နယ္စပ္ေတြမွာ မူးယစ္ေဆးဝါးေတြ ထုတ္လုပ္ေနတာနဲ႔ ပတ္သက္လို႔ ေဒသတြင္းက တံု႔ျပန္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ၾသစေၾတးလ် မဟာဗ်ဴဟာ မူဝါဒ အင္စတီက်ဳ (ASPI) က သတိေပးလိုက္ပါတယ္။

ေဒသတြင္း တရားမဝင္ မူးယစ္ေဆး လိုအပ္ခ်က္ကို ျမန္မာႏိုင္ငံရဲ႕ ေဝလံတဲ့ ေတာင္တန္းေတြနဲ႔ ေဒသေတြက အဓိက ျဖည့္ဆည္းေပးေနတာ ရာစုႏွစ္ တစ္ခုစာ ရွိၿပီျဖစ္ေၾကာင္း၊ ကနဦးတုန္းက ဘိန္းအဓိက ထြက္ရွိခဲ့ၿပီး အခုအခါ အဆင့္ျမင့္ သန္႔စင္ၿပီး ဟီ႐ိုအင္းေတြ ထြက္ေနကာ ကမာၻ႔လိုအပ္ခ်က္ကို ျဖည့္ေနေၾကာင္းလည္း ASPI က ေဖာ္ျပပါတယ္။

မၾကာေသးမီ ႏွစ္ေတြကစၿပီး ဘိန္းစိုက္ပ်ိဳးတဲ့ မူးယစ္ေဆးဝါး ထုတ္လုပ္မႈကေန မက္သာဖက္တမင္းလို ဓာတုေဗဒနဲ႔ ခ်က္လုပ္တဲ့ စနစ္ကို ေျပာင္းလာခဲ့ေၾကာင္း၊ မူးယစ္ေဆးဝါး ထုတ္လုပ္မႈနဲ႔ ပတ္သက္လို႔ ဝနဲ႔ ရွမ္း လက္နက္ကိုင္ တပ္ဖြဲ႔တခ်ိဳ႕ကို အျပစ္တင္ဖို႔ လြယ္ကူေပမယ့္ အဓိက ျပႆနာက အုပ္စုလိုက္ ရာဇဝတ္မႈ က်ဴးလြန္မႈေတြ ပိုမ်ားလာျခင္းနဲ႔ တ႐ုတ္အစိုးရရဲ႕ မူးယစ္ေဆးဝါးဆိုင္ရာ ျပည္တြင္း မူဝါဒေတြ ျဖစ္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။  

မြန်မာနိုင်ငံရဲ့ တရားမဝင် မူးယစ်ဆေးဝါးပြဿနာ ဒေသတွင်း တုံ့ပြန်မှု လိုအပ်


မြန်မာနိုင်ငံရဲ့ ဝေးလံတဲ့ တောင်တန်းဒေသတွေနဲ့ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်းက တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျု (ASPI) က သတိပေးလိုက်ပါတယ်။


ဒေသတွင်း တရားမဝင် မူးယစ်ဆေး လိုအပ်ချက်ကို မြန်မာနိုင်ငံရဲ့ ဝေလံတဲ့ တောင်တန်းတွေနဲ့ ဒေသတွေက အဓိက ဖြည့်ဆည်းပေးနေတာ ရာစုနှစ် တစ်ခုစာ ရှိပြီဖြစ်ကြောင်း၊ ကနဦးတုန်းက ဘိန်းအဓိက ထွက်ရှိခဲ့ပြီး အခုအခါ အဆင့်မြင့် သန့်စင်ပြီး ဟီရိုအင်းတွေ ထွက်နေကာ ကမ္ဘာ့လိုအပ်ချက်ကို ဖြည့်နေကြောင်းလည်း ASPI က ဖော်ပြပါတယ်။


မကြာသေးမီ နှစ်တွေကစပြီး ဘိန်းစိုက်ပျိုးတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကနေ မက်သာဖက်တမင်းလို ဓာတုဗေဒနဲ့ ချက်လုပ်တဲ့ စနစ်ကို ပြောင်းလာခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ဝနဲ့ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့တချို့ကို အပြစ်တင်ဖို့ လွယ်ကူပေမယ့် အဓိက ပြဿနာက အုပ်စုလိုက် ရာဇဝတ်မှု ကျူးလွန်မှုတွေ ပိုများလာခြင်းနဲ့ တရုတ်အစိုးရရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြည်တွင်း မူဝါဒတွေ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။