ျမန္မာႏိုင္ငံရဲ႕ ကိုယ္ပိုင္ၿဂိဳဟ္တု Myanmar Sat 2 လႊတ္တင္

0
100

Myanmar Sat 2 အမည္ရွိ ျမန္မာႏုိင္ငံရဲ႕ ကိုယ္ပိုင္ၿဂိဳဟ္တုကို ဒီေန႔မနက္က ေတာင္အေမရိကတိုက္ အာရိယန္ အာကာသဒုံးပ်ံပစ္လႊတ္ေရး အေျခစိုက္စခန္းမွာ ေအာင္ျမင္စြာ လႊတ္တင္လိုက္ၿပီ ျဖစ္ပါတယ္။

ၿဂိဳဟ္တုရဲ႕ ကုန္က်စရိတ္ဟာ အေမရိကန္ေဒၚလာ ၁၅၅ ဒသမ ၇ သန္းျဖစ္ၿပီး အခုလို လႊတ္တင္ၿပီးတာနဲ႔ ႏွစ္စဥ္ ၿဂိဳဟ္တု အသံုးျပဳငွားရမ္းခ အေမရိကန္ေဒၚလာ ၁၀ သန္းေက်ာ္ဖိုးကို ကာကြယ္ႏိုင္ေတာ့မွာ ျဖစ္တယ္လို႔  သတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆိုက္ဘာ လုံၿခဳံေရးဦးစီးဌာနက အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တုက ၿဂိဳဟ္တုလိုင္းအင္အား ၈၆၄ မဂၢါဟတ္စ္ (၈၆၄ MHz) ကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ စတင္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး အစိုးရဝန္ႀကီးဌာနေတြအျပင္ ပုဂၢလိကကုမၸဏီေတြပါ အသုံးျပဳႏိုင္မယ္လို႔ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာၾကားထားပါတယ္။

Myanmar Sat 2 ၿဂိဳဟ္တု တည္ေဆာက္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံ သတင္းအခ်က္အလက္ နည္းပညာနဲ႔ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနနဲ႔ Intelsat ကုမၸဏီတို႔ ၂၀၁၈ ဇြန္ ၁ ရက္က သေဘာတူ လက္မွတ္ေရးထိုးၿပီး စုစုေပါင္းကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၁၅၅ သန္းေက်ာ္ပါတယ္။

မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 လွှတ်တင်


Myanmar Sat 2 အမည်ရှိ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုဟ်တုကို ဒီနေ့မနက်က တောင်အမေရိကတိုက် အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှာ အောင်မြင်စွာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။


ဂြိုဟ်တုရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပြီး အခုလို လွှတ်တင်ပြီးတာနဲ့ နှစ်စဉ် ဂြိုဟ်တု အသုံးပြုငှားရမ်းခ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးကို ကာကွယ်နိုင်တော့မှာ ဖြစ်တယ်လို့ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနက အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။


Myanmar Sat 2 ဂြိုဟ်တုက ဂြိုဟ်တုလိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင် အသုံးပြုနိုင်မှာဖြစ်ပြီး အစိုးရဝန်ကြီးဌာနတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေပါ အသုံးပြုနိုင်မယ်လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောကြားထားပါတယ်။


Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat ကုမ္ပဏီတို့ ၂၀၁၈ ဇွန် ၁ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော်ပါတယ်။