ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္ေတာ့မယ့္ ဘာသာစကား ေျခာက္ခုကို CSUF ပါေမာကၡ ေလ့လာမယ္

0
61

ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္ေတာ့မယ့္ အႏၱရာယ္ႀကံဳေနတဲ့ ဘာသာစကား ေျခာက္ခုကို အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယား ျပည္နယ္ တကၠသိုလ္ – ဖူလာတန္ (CSUF) က ပါေမာကၡက ေလ့လာမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ၊ ခ်င္းျပည္နယ္ရွိ လူနည္းစု ဘာသာစကား ေျခာက္ခု ျဖစ္တဲ့ တာပြန္၊ ဗန္ဟာ၊ လမ္တြတ္၊ ဆက္တာ၊ မခါအန္နဲ႔ ေတာင္သား ဘာသာစကား ေျခာက္ခုကို ခ်င္းလူမ်ိဳး ပါေမာကၡျဖစ္တဲ့ ကက္နက္ ဗန္ ဗစ္ခ္က ေလ့လာမွာ ျဖစ္တယ္လို႔ အိုစီ ရက္ဂ်စ္စတာ သတင္းမွာ ေဖာ္ျပထားပါတယ္။ ခ်င္းျပည္နယ္ထဲက တခ်ိဳ႕ေဒသေတြဟာ သြားေရာက္ဖို႔ ခက္ခဲလို႔ ဒီေန႔အထိ အစီအစဥ္မ်ကတဲ့ စာကားလံုးစာရင္းကိုသာ ျပဳစုမွတ္တမ္း တင္ႏိုင္ပါေသးတယ္။

စစ္အစိုးရ အာဏာယူတဲ့ ၁၉၆၂ ခုႏွစ္ကတည္းက အဲဒီ လူနည္းစုေတြရွိရာ ေဒသေတြကို အေနာက္ႏိုင္ငံသားေတြ ဝင္ခြင့္မျပဳေၾကာင္း၊ ရာစုႏွစ္ဝက္ေက်ာ္ ပိတ္ပင္ထားတဲ့ ေဒသေတြမွာ သုေတသနလုပ္ဖို႔ အခြင့္အလမ္းျဖစ္ေၾကာင္း ပါေမာကၡ ဗန္ ဘစ္ခ္က ေျပာပါတယ္။ 

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယား တကၠသိုလ္ – ဘာကေလ ကေန ဘာသာေဗဒနဲ႔ ပါရဂူဘြဲ႔ရထားတဲ့ ပါေမာကၡ ဗန္ ဘစ္ခ္ဟာ ဒါးေမာင့္ ေကာလိပ္က တြဲဖက္ ပါေမာကၡ ေဒးဗစ္ ပီတာဆန္နဲ႔ တြဲဖက္ၿပီး သုေတသနေတြကို ဒီလမွာ စတင္လုပ္မွာ ျဖစ္ပါတယ္။ ေပ်ာက္ကြယ္ေတာ့မယ့္ အႏၱရာယ္ႀကံဳေနတဲ့ ယဥ္ေက်းမႈမ်ားဆိုင္ရာ ပစိဖိတ္ႏွင့္ ေဒသတြင္း ဒစ္ဂ်စ္တယ္ ရင္းျမစ္ ေမာ္ကြန္းတိုက္ စီမံကိန္းအျဖစ္ အခ်က္အလက္ေတြ ေကာက္ယူမွာ ျဖစ္ၿပီး ပါေမာကၡ ဗန္ ဘစ္ခ္ရဲ႕ ေက်ာင္းသားေတြ၊ ဌာနတြင္း အဖြဲ႔ဝင္ေတြလည္း ပါဝင္ကူညီမွာ ျဖစ္ပါတယ္။

မြန်မာနိုင်ငံမှာ ပျောက်ကွယ်တော့မယ့် ဘာသာစကား ခြောက်ခုကို CSUF ပါမောက္ခ လေ့လာမယ်


မြန်မာနိုင်ငံမှာ ပျောက်ကွယ်တော့မယ့် အန္တရာယ်ကြုံနေတဲ့ ဘာသာစကား ခြောက်ခုကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ် – ဖူလာတန် (CSUF) က ပါမောက္ခက လေ့လာမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ လူနည်းစု ဘာသာစကား ခြောက်ခု ဖြစ်တဲ့ တာပွန်၊ ဗန်ဟာ၊ လမ်တွတ်၊ ဆက်တာ၊ မခါအန်နဲ့ တောင်သား ဘာသာစကား ခြောက်ခုကို ချင်းလူမျိုး ပါမောက္ခဖြစ်တဲ့ ကက်နက် ဗန် ဗစ်ခ်က လေ့လာမှာ ဖြစ်တယ်လို့ အိုစီ ရက်ဂျစ်စတာ သတင်းမှာ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်ထဲက တချို့ဒေသတွေဟာ သွားရောက်ဖို့ ခက်ခဲလို့ ဒီနေ့အထိ အစီအစဉ်မျကတဲ့ စာကားလုံးစာရင်းကိုသာ ပြုစုမှတ်တမ်း တင်နိုင်ပါသေးတယ်။


စစ်အစိုးရ အာဏာယူတဲ့ ၁၉၆၂ ခုနှစ်ကတည်းက အဲဒီ လူနည်းစုတွေရှိရာ ဒေသတွေကို အနောက်နိုင်ငံသားတွေ ဝင်ခွင့်မပြုကြောင်း၊ ရာစုနှစ်ဝက်ကျော် ပိတ်ပင်ထားတဲ့ ဒေသတွေမှာ သုတေသနလုပ်ဖို့ အခွင့်အလမ်းဖြစ်ကြောင်း ပါမောက္ခ ဗန် ဘစ်ခ်က ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ် – ဘာကလေ ကနေ ဘာသာဗေဒနဲ့ ပါရဂူဘွဲ့ရထားတဲ့ ပါမောက္ခ ဗန် ဘစ်ခ်ဟာ ဒါးမောင့် ကောလိပ်က တွဲဖက် ပါမောက္ခ ဒေးဗစ် ပီတာဆန်နဲ့ တွဲဖက်ပြီး သုတေသနတွေကို ဒီလမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ပျောက်ကွယ်တော့မယ့် အန္တရာယ်ကြုံနေတဲ့ ယဉ်ကျေးမှုများဆိုင်ရာ ပစိဖိတ်နှင့် ဒေသတွင်း ဒစ်ဂျစ်တယ် ရင်းမြစ် မော်ကွန်းတိုက် စီမံကိန်းအဖြစ် အချက်အလက်တွေ ကောက်ယူမှာ ဖြစ်ပြီး ပါမောက္ခ ဗန် ဘစ်ခ်ရဲ့ ကျောင်းသားတွေ၊ ဌာနတွင်း အဖွဲ့ဝင်တွေလည်း ပါဝင်ကူညီမှာ ဖြစ်ပါတယ်။