
0
92




မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအတွက် ဖိအားပေးရေး အမေရိကန်က ဥပဒေ တင်သွင်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ဆက်ဖြစ်နေချိန်မှာ သမ္မတ ထရမ့်ရဲ့ အစိုးရက လျစ်လျူရှုထားတဲ့ ကွက်လပ်ကို ဖြည့်ဖို့ အမေရိကန် ကွန်ဂရက်က ခြေလှမ်း စတင်လိုက်ပါတယ်။

Reuters သတင်းထောက် နှစ်ဦးအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတာကို လွှတ်ပေးဖို့ တောင်းဆိုရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ရန်ပုံငွေသစ် ထောက်ပံ့ရေးတွေအတွက် ဥပဒေတစ်ရပ်ကို အမေရိကန် အမတ်တွေက တင်သွင်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အမေရိကန်က လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နိုင်စေဖို့ တွန်းအားပေးတာ ဖြစ်တယ်လို့ ဥပဒေ တင်သွင်းသူ ဒီမိုကရက်တစ် အမတ် အန်ဒီ လက်ဗင်နဲ့ ရီပတ်ဘလီကန် အမတ် အန်း ဝဂ္ဂနာတို့က ပြောပါတယ်။