ျမန္မာႏိုင္ငံမွာ တုပ္ေကြး ျဖစ္ပြားမႈေတြေၾကာင့္ ထိုင္းမွာလည္း တပ္လွန္႔ေန

0
126

ျမန္မာႏိုင္ငံမွာ တုပ္ေကြးျဖစ္ပြားမႈ ဆိုးရြားေနတဲ့ အတြက္ အိမ္နီးခ်င္းျဖစ္တဲ့ ထိုင္းႏိုင္ငံအေနနဲ႔လည္း အနီေရာင္အဆင့္ တပ္လွန္႔ဖို႔ ဘန္ေကာက္ပို႔စ္ သတင္းစာက တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇြန္လက စၿပီး တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ၆၇ ဦး ေသဆံုးတဲ့အနက္ ၅၄ ဦးက ရန္ကုန္မွာ ေသဆံုးတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ပြားတဲ့ ေဒသေတြက ထိုင္း-ျမန္မာ နယ္စပ္နဲ႔ အလွမ္းေဝးေပမယ့္ စီးပြားကိစၥ အပါအဝင္ အေၾကာင္းေၾကာင္းေၾကာင့္ ျမန္မာႏိုင္ငံသားေတြ နယ္စပ္ျဖတ္ေက်ာ္ေနၾကတဲ့အတြက္ အခုလို ႏိႈးေဆာ္ေနတာပါ။ နယ္စပ္ေဒသေတြရွိ က်န္းမာေရး တာဝန္ရွိသူေတြက ဗဟိုအစိုးရ က်န္းမာေရးဌာနေတြ အကူအညီနဲ႔ နယ္စပ္မွာ ေဆးဝါးနဲ႔ ပစၥည္းေတြ အသင့္ျပင္ထားဖို႔ လိုအပ္ေၾကာင္းလည္း ဘန္ေကာက္ပို႔စ္ အယ္ဒီတာ့ အာေဘာ္ကေန တိုက္တြန္းထားပါတယ္။

ျဖစ္ႏိုင္ရင္ ထိုင္း က်န္းမာေရး ဝန္ႀကီးဌာနက ျမန္မာကို ေဆးဝါးနဲ႔ နည္းပညာ အကူအညီေတြ ေပးသင့္ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ တုပ္ေကြးေရာဂါ ျဖစ္ပြားမႈကို မထိန္းခ်ဳပ္ႏိုင္ရင္ အခ်ိန္တိုအတြင္း ေသဆံုးသူ ရာနဲ႔ခ်ီသြားႏိုင္ေၾကာင္းလည္း အယ္ဒီတာ့ အာေဘာ္က သတိေပးထားပါတယ္။

မြန်မာနိုင်ငံမှာ တုပ်ကွေး ဖြစ်ပွားမှုတွေကြောင့် ထိုင်းမှာလည်း တပ်လှန့်နေ


မြန်မာနိုင်ငံမှာ တုပ်ကွေးဖြစ်ပွားမှု ဆိုးရွားနေတဲ့ အတွက် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့လည်း အနီရောင်အဆင့် တပ်လှန့်ဖို့ ဘန်ကောက်ပို့စ် သတင်းစာက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လက စပြီး တုပ်ကွေးဖြစ်ပွားမှုကြောင့် ၆၂ ဦး သေဆုံးတဲ့အနက် ၄၀ ဦးက ရန်ကုန်မှာ သေဆုံးတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ဒေသတွေက ထိုင်း-မြန်မာ နယ်စပ်နဲ့ အလှမ်းဝေးပေမယ့် စီးပွားကိစ္စ အပါအဝင် အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်နေကြတဲ့အတွက် အခုလို နှိုးဆော်နေတာပါ။ နယ်စပ်ဒေသတွေရှိ ကျန်းမာရေး တာဝန်ရှိသူတွေက ဗဟိုအစိုးရ ကျန်းမာရေးဌာနတွေ အကူအညီနဲ့ နယ်စပ်မှာ ဆေးဝါးနဲ့ ပစ္စည်းတွေ အသင့်ပြင်ထားဖို့ လိုအပ်ကြောင်းလည်း ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်ကနေ တိုက်တွန်းထားပါတယ်။


ဖြစ်နိုင်ရင် ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနက မြန်မာကို ဆေးဝါးနဲ့ နည်းပညာ အကူအညီတွေ ပေးသင့်ကြောင်း၊ မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို မထိန်းချုပ်နိုင်ရင် အချိန်တိုအတွင်း သေဆုံးသူ ရာနဲ့ချီသွားနိုင်ကြောင်းလည်း အယ်ဒီတာ့ အာဘော်က သတိပေးထားပါတယ်။