ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ International Series ၾကက္ေတာင္ၿပိဳင္ပြဲမွာ သက္ထားသူဇာ ယွဥ္ၿပိဳင္မယ္

0
52

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ International Series ၾကက္ေတာင္ၿပိဳင္ပြဲမွာ အိုလံပစ္ၿပိဳင္ပြဲဝင္ဖို႔ ႀကိဳးပမ္းေနတဲ့ ျမန္မာ ၾကက္ေတာင္မယ္ သက္ထားသူဇာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ကမာၻ႔ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က International Series ၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၀ ရက္ကေန ၁၅ ရက္အထိ ရန္ကုန္ၿမိဳ႕မွာ က်င္းပမွာ ျဖစ္ပါတယ္။ အဲဒီၿပိဳင္ပြဲကို ျမန္မာ ၾကက္ေတာင္မယ္ သက္ထားသူဇာ အပါအဝင္ အားကစားသမား ၁၆ ဦး ယွဥ္ၿပိဳင္ကစားၾကမွာပါ။

လတ္တေလာမွာ သက္ထားသူဇာဟာ ဘူလ္ေဂးရီးယား အလြတ္တန္း ခ်န္ပီယံရွစ္ ၂၀၁၉ ၿပိဳင္ပြဲမွာ တူရကီ ၾကက္ေတာင္မယ္ နက္စလီ ဟန္ရီဂစ္ကို ကြာတားဖိုင္နယ္မွာ ႐ံႈးနိမ့္တဲ့အတြက္ ကမာၻ႔ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္ သတ္မွတ္ခ်က္အရ ကမာၻ႔အဆင့္ ၇၀ မွာ ရပ္တည္ေနပါတယ္။

<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် International Series ကြက်တောင်ပြိုင်ပွဲမှာ အိုလံပစ်ပြိုင်ပွဲဝင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာ ကြက်တောင်မယ် သက်ထားသူဇာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က International Series ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာ ကြက်တောင်မယ် သက်ထားသူဇာ အပါအဝင် အားကစားသမား ၁၆ ဦး ယှဉ်ပြိုင်ကစားကြမှာပါ။

လတ်တလောမှာ သက်ထားသူဇာဟာ ဘူလ်ဂေးရီးယား အလွတ်တန်း ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲမှာ တူရကီ ကြက်တောင်မယ် နက်စလီ ဟန်ရီဂစ်ကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်တဲ့အတွက် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ် သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၇၀ မှာ ရပ်တည်နေပါတယ်။